MYANMAR IDOL ပြိုင်ပွဲကြီးကတော့ မကြာခင်ရက်ပိုင်းအတွင်းကမှ ပြီးဆုံးသွားခဲ့ပြီး ဖြိုးမြတ်အောင်ကတော့ MYANMAR IDOL ရဲ့ WINNERဆုကိုရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။ဖြိုးမြတ်အောင်ကတော့ WINNERဆုကိုရရှိပိုင်ဆိုင်နိုင်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့ ပရိသတ်တွေနဲ့ အနပညာရှင်ညီအကိုမောင်နှမတွေကို လက်အုပ်ချီပြီးကန့်တော့ခဲ့ပါတယ်။ 

ဖြိုးမြတ်အောင်ကတော့ " သားတို့ကို သားသမီးတွေလိုဂရုစိုက်ပြီး အမြဲလိုအပ်ချက်မရှိအောင်စီစဉ်ညွှန်ကြားပေးတဲ့ ကျေးဇူးရှင်အမမမီးကိုသားဒီပိုစ့်လေးနဲ့ကန်တော့ပါတယ် Idolအားလုံးအပေါ်ချစ်ပေးလို့လည်းအားလုံးကချစ်ကြတယ် အမစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ "ဆိုပြီးပြေားထားပါတယ်။ မမီးကတော့ myanmar idol ပွဲကိုစီစဉ်သူတစ်ယောက်ဖြစ်ပြီး ဖြိုးမြတ်အောင်ကတော့ လက်အုပ်ကလေးချီပြီးကန့်တော့ ခဲ့ပါတယ်။

ပရိသတ်တွေကတော့ အခုလိုဖြိုးမြတ်အောင်တစ်ယောက် ကျေးဇူးရှင်ကို မမေ့ဘဲလက်အုပ်ချီ ပြီး ကန့်တော့ခဲ့လေးက ပရိသတ်တွေအချစ်ပိုစေခဲ့ပါတယ်။ ဖြိုးမြတ်အောင်ကတော့ မကြာခင်မှာ myanmar idol အသိုက်အမြုံလေးဖြစ်တဲ့ ရန်ကုန်ကနေ ထွက်ခွာပြီး မွေးရပ်မြေ ဖြစ်တဲ့ ဟင်္သာတမြို့လေးဆီသို့ ပြန်လာတော့မှာဖြစ်ပြီး မွေးရပ်မြေက ပရိသတ်တွေနဲ့တွေ့ဆုံတော့မှာလဲဖြစ်ပါတယ်။ 

source: PHYO MYAT AUNG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။