"မင်းကို ငါချစ်တာ အကန့်အသတ်တို့ မရှိဘူးကွာ...ဒါကိုမင်းလေး ယုံကြည်ပေးစမ်းပါ..ငါ့ရဲ့ သစ္စာတရား.."ဆိုတဲ့ " ထာဝရ ချစ်သူ " သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ငဲငယ်လေးဟာ ကိုယ်ပိုင်သီချင်းများ ရေးစပ်ကာ သီဆိုတတ်သလို ထူးထူးခြားခြား ရှားရှားပါးပါး မိန်းကလေးတွေထဲက တစ်ယောက်လို့ ဆိုရမှာပါ။ ရှားပါးတဲ့ Guitarist အဆိုတော် မိန်းကလေးတွေထဲက မှ ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်တဲ့ ပါရမီရှင်လေးလည်းဖြစ်ပါတယ်။

" အိမ်မက် နဲ့ စိတ်ဓာတ်" ဆိုတဲ့ သီချင်းခွေလေး ထွက်ရှိခဲ့ပြီး ဖြစ်သလို သူမရဲ့ အဆိုပညာကော ဂစ်တာ အတီးစွမ်းရည်ကပါ တကယ့်ကို အံမခန်းဖြစ်ပါတယ်။ အနုပညာမျိုးရိုးရှိသလို သူမရဲ့ ဝါသနာနဲ့ အောင်မြင်မှုကလည်း အရေးကြီးတာမို့ ဖခင်ဖြစ်သူ နိုင်ငံကျော် Guitaristချစ်စမ်းမောင် ရဲ့ ပညာတွေကို လက်ဆင့်ကမ်း ရယူထားနိုင်သူလည်းဖြစ်ပါတယ်။

သူမကို ဆရာ ချစ်စမ်းမောင် သမီး ရယ်လို့ လူသိသိပ်မများခဲ့ကြပဲ သူမရဲ့ ပင်ကိုယ် အောင်မြင်မှုကြောင့်သာ ငဲငယ်လေး ရယ်လို့ အသိများလာတာဖြစ်ပါတယ်။ သူမရဲ့ကုယ်ပိုင်စွမ်းရည်ကို မချီကျူးပဲ မနေနိုင်သလို ပရိသတ်တွေ အသည်း အရည်ပျော်ကျအောင် ထပ်ပြီး ဖန်တီးလိုက်ပါတယ်။လက်ရှိမှာ ခေတ်စားနေတဲ့ အက ဖြစ်တဲ့ Kiki Challenge ကို သူမရဲ့ ဂစ်တာနဲ့ တီးပြီး လက်စွမ်းပြလိုက်သလို သူမကို မချီးကျူးပဲ မနေနိုင်ဖြစ်သွားရသူကတော့ ဦးစိုင်းဖြစ်ပါတယ်။ Hip hop သီချင်းနဲ့ လိုက်ဖက်မဲ့ ဂစ်တာ သံစဉ် အလုံးနဲ့ တီးကွက်တွေကို လိုက်ဖက်မှု ရှိအောင် ပညာသားပါပါ တီးပြလိုက်တာဖြစ်ပြီး ပရီသတ်များလည်း ပြန်လည် ကြည့်ရှူရအောင် မျှဝေလိုက်ပါတယ်နော်....။

source: Nge Ngal Lay; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။