ယနေ့ညနေ၆နာရီခွဲအချိန်မှာတော့ မြန်မာအသင်းနဲ့မြောက်ကိုရီးယားအသင်းတို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။မြောက်ကိုရီးယားအသင်းဟာ ၂၀၁၄အာရှအားကစားဘောလုံးပြိုင်ပွဲမှာ ဒုတိယဆုရထားတဲ့အသင်းဖြစ်ပါတယ်။အခုလို အာရှထိပ်သီးအသင်းကို ရင်ဆိုင်ဖို့ မြန်မာအသင်းအနေနဲ့ ရက်ကွက်အဆင့်ရှိတဲ့ကွင်းလေးမှာသာ လေ့ကျင့်နေရရှာပါတယ်။ 

မြန်မာအသင်း တည်းခိုရာဟိုတယ်ကနေ လေ့ကျင့်ရေးကွင်းကို အသွားအပြန် အချိန် ၃ နာရီမှ ၄ နာရီခန့်ကြာမြင့်မှာဖြစ်တဲ့အတွက် အခုလို ရပ်ကွက်အဆင့်ရှိတဲ့ကွင်းလေးမှာသာ ဂရုတစိုက်နဲ့လေ့ကျင်နေပါတယ်။ မြန်မာနိုင်ငံမှာလာကစားတဲ့ပွဲတွေမှာတော့ အခုလိုအခက်အခဲတွေမရှိပေမဲ့လဲ အခုလို တစ်ခြားနိုင်ငံတွေမှာသွားရောက်ကစားတဲ့အခါ အခုလို စိတ်ကသိကအောက်ဖြစ်စရာတွေမကြာခဏကြုံတွေ့နေရပါတယ်။ 

မြန်မာအသင်းကတော့ အခုလိုအပင်ပန်းခံပြီး လာရောက်အရှုံးပေးမှာမဟုတ်တာကြောင့် ရေကုန်ရေခမ်းရှိသမျှအားတွေနဲ့ ကစားဖို့တော့ ရှိနေပါတယ်။မြန်မာအသင်းရဲ့ ပရိသတ်တွေကတော့ ရှုံးရှုံးနိုင်နိုင် မြန်မာအသင်းကိုအားပေးဖို့တော့ အဆင်သင့်ဖြစ်နေပါပြီ။ မကြာခင်မှာကစားတော့မဲ့ပွဲအတွက် မြန်မာအသင်းနဲ့မြောက်ကိုရီးယားအသင်းတို့ပွဲကို တခဲနက်အားပေးလိုက်ရအောင်လားခင်ဗျာ။ 

SOURCE: MFF

PHOTO ; MY SPORTS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။