ပရိသတ်ကြီးရေ မင်းသမီးချော အိချောပိုကတော့ မြင်သူငေးတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး ပရိသတ်များစွာရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ စင်တင်မင်းသမီးတစ်ဦးအဖြစ် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးအောင်မြင်ခဲ့ပြီး ရုပ်ရှင်ကား ကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့မခြား သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ အိချောပိုက ရုပ်ရှင်ကားကြီးတွေကို ပိုရိုက်ကူးလာသလို သူမရဲ့ သရုပ် ဆောင်စွမ်းရည်တွေကလည်း အံ့သြဖွယ်ကောင်းလောက်အောင် သဘာဝကျပီ ပြင်လာ တာ တွေ့ရပါတယ်။

မကြာသေးမီကမှ စူစူတစ်ယောက် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးမယ့် "သမက် Challenge " ဆိုတဲ့ရုပ်ရှင်ကားကြီး ရိုက်ကူးရေးအတွက် အေးချမ်းလှပတဲ့ တောင်ကြီးမြို့ လေးကို ရောက်ရှိနေတာ ဖြစ်ပြီး အခုတော့ ရန်ကုန်ကိုပြန်ရောက်နေပါပြီနော် ။ သူမဟာ မြင်သူတိုင်းငေးရတဲ့ ကောက်ကြောင်းအလှတွေ ပေါ်လွင်စေမယ့် အစိမ်းရောင် အမိုက်စား အင်္ကျ ီ လေးနဲ့ ရင်သပ်ရှုမောစရာကောင်းလောက်အောင် လှပနေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို မျှဝေပေးထားပါတယ် ။ မောင် ဘာကြောင့်မို့ချစ်တာလဲ ဆိုတဲ့ သီချင်းစာသားလေးကိုရေးသားခဲ့လို့ ပရိသတ်တွေကလဲ ဘယ်မောင်ကိုပြောတာလဲဆိုပြီး စနောက်နေကြပါတယ် ။

ကြွေဆင်းသွားစေမယ့် ကောက်ကြောင်းအလှတွေကြားမှာ အရမ်းကိုလှပနေတဲ့ သူမကို ပရိသတ်တွေ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း စူစူရဲ့ပေါ့ပါးလွ တ် လပ်စွာ လှနေတဲ့ပုံရိပ်လေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Ei Chaw Po;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။