လက်တလောလူမှုကွန်ယက်မှာ ဆွဲဆောင်မှုရှိတဲ့ ဖုံးကွယ်ထားတဲ့အလှတရားတွေကို ထုတ်ဖော်ပြသခဲ့တဲ့ပုံရိပ်လေးတွေကြောင့် နာမည်ကြီးနေသူလေးကတော့ မော်ဒယ်မလေးဟန်လေးပဲ ဖြစ်ပါတယ်။သူမကတော့ ချစ်စရာကောင်းတဲ့အပြုံးပြိုင်ရှင်လေးဖြစ်ပြီး ပရိသတ်တွေတစ်ခါမှမမြင်သေးတဲ့ Sexy ကျကျ ဆွဲဆောင်မှုရှိတဲ့အလှတွေကို ပထမဆုံးအကြိမ်ထုတ်ပြခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့ အမိုက်စားပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ခုန်သံစည်းချက်တွေ မြန်ဆန်ခဲ့ရမှာ အသေချာပါပဲ။

ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေမြင်တွေ့ခဲ့ရတဲ့ Sexy ကျကျပုံရိပ်လေးတွေနဲ့ ဆန်ကျင်ဘက်ဖြစ်တဲ့ လုံလုံခြုံခြုံမြန်မာဆန်တဲ့အလှ လေးနဲ့ မြင်တွေ့ရပြန်ပါတယ်။မြန်မာဝတ်စုံလေးတွေနဲ့ တည်ငြိမ်အေးချမ်းတဲ့အလှဘုရင်မလေးအဖြစ်နဲ့လည်း တကယ့်ကို ကြည့်ကောင်းလှတာပဲ ဖြစ်ပါတယ်။မြန်မာဝတ်စုံလေးကိုမှ အခုခေတ်ပုံစံလေးမဟုတ်ပဲ ရှေးခေတ်မြန်မာအမျိုးသမီးတိုရဲ့တန်ဖိုးရှိလှတဲ့ ယဉ်ကျေးမှုအလှတွေကိုဖော်ကျူးတဲ့အလှပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

သူမရဲ့ လုူမှုကွန်ယက်မှာတော့ " ယဉ်ယဉ်လေးကို မှ ချစ်တယ် ဆို ကို သဘောအတိုင်းပါပဲနွယ်" ဆိုတဲ့စာတစ်သံပေတစ်သံလေးနဲ့ အတူ ချစ်စရာကောင်းတဲ့ မြန်မာမလေးပုံရိပ်လေးတွေမျှဝေထားတာပဲ ဖြစ်ပါတယ်။အသက်ရှုသံတိုင်းမှာရင်ခုန်သွားရမယ့် ယဉ်ယဉ်လေးနဲ့ အရမ်းကိုလှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်နော်။ဟန်လေးကို အခုလို ယဉ်ယဉ်လေးနဲ့ အလှသွယ်ကြွယ်တဲ့ ပုံရိပ်လေးတွေနဲ့ သဘောကျလား Sexyကျကျ ဆွဲဆောင်မှုရှိတဲ့အလှတွေနဲ့ သဘောကျလား ဖြေခဲ့ပါအုန်းပရိသတ်ကြီးရေ။ 

သတင်းအရင်းအမြစ် - ဟန်လေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။