လက်တလော ယာဉ်တိုက်မှုဖြစ်စဉ်တွေထဲက အဆိုးဆုံးအရာတစ်ခုဖြစ်ပေါ်လာခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာတံတားအဆင်းယာဉ်တိုက်မှုကတော့ ပရိသတ်တွေအမြင်ပဲဖြစ်မယ်ထင်ပါတယ်။ လက်ရှိ ဆိုးရွားလွန်းတဲ့ ယာဉ်တိုက်မှုတွေအဆက်မပျက်ဖြစ်ပေါ်ခဲ့ပြီး ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့မှာလည်း ထပ်မံဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကတော့ ဒီကနေ့ သြဂုတ်လ ၁၅ရက်နေ့ နေ့လည် ၁နာရီ ၃၀မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာတံတား ရွှေပြည်သာဘက်အဆင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ၎င်းယာဉ်တိုက်မှုကတော့ ကုန်တင်ကားတစ်စီးနှင့် Pro Box တစ်စီးတို့ တိုက်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကုန်တိုင်ကားတိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါလာသောကုန်ပစ္စည်းများ ပြန့်ကျဲခဲ့ပြီး Pro Box ကားခေါင်းတစ်ခုလုံးလည်း ကြွေမွခဲ့တာတွေ့ရပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများသွားရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမာျးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။ ယာဉ်မောင်းညီအကိုများသတိပြုမောင်းနှင်နိုင်ဖို့ သတိပေးရင်း ဒီကနေ့ ဖြစ်စဉ်ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။

Photos - ထူးထူး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။