ယနေမှာတော့ ၁၅.၈.၂၀၁၈ဖြိုးမြတ်အောင်(myanmar idol) ဟင်္သာတမြို့အပြန်ခရီး ကို စတင်နေပြီဘဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကို လာရောက်ကြိုဆိုတဲ့ဟင်္သာတခရိုင် ဆိုင်ကယ်အဖွဲ့ရဲ့ မြင်ကွင်းတွေကတော့ အားရစရာပါနော် ။ဓနုဖြူမြို့ အဆွေတော် စားသောက်ဆိုင် ဝန်းထဲမှာရောက်ရှိခဲ့ပြီး အခုအချိန်မှာတော့ ပြန်လည်ထွက်ခွာနေပြီလို့လည်း သိရပါတယ်နော် ။ ဖြိုးမြတ်အောင်ကို မျှော်တလင့်လင့် နဲ့ စောင့်ကြိုနေကြတဲ့ ပရိသတ်ကြီးကလည်း အိမ်အပြန်ခရီးမှာ ကြိုဆိုနေကြပြီလည်းဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ရဲ့ အိမ်အပြန်ခရီးလမ်းတစ်လျှောက်မှာ ခိုလှုံရာပရဟိတ အဖွဲ့၊ ဆိုင်ကယ်အဖွဲ့တွေ ခြံရံပြီး ပြည်တော်ပြန်ခဲ့တဲ့ ဖြိုးမြတ်အောင်ကို လမ်း တစ်လျှောက်လုံးမှာ ပရိသတ်များက ပန်းစည်းတွေ ။ ပန်းကုံးတွေနဲ့ အားပေးခဲ့ပါတယ် ။ ဖြိုးမြတ်အောင်ကတော့ ရရှိထားတဲ့ဆုနဲ့ ထိုက်တန်တဲ့ ရင်းနှီးပေးဆပ်မှုတွေနဲ့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ ကတိပေးခဲ့တာလည်းဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေက နှင်းဆီပန်းလေးတွေကို တောင် ဆူးလေးတွေဖယ်ပြီးပေးတဲ့ အထိ ဖြိုးမြတ်အောင် ကို အားပေးခဲ့ကြတာပါ ။

ဖြိုးမြတ်အောင်အနေနဲ့ အခုလိုတခဲနက်အားပေးတဲ့ ပရိသတ်တွေကြောင့် အပျော်ကြီးပျော်နေခဲ့ပါတယ်။အိမ်အပြန်မှာ ကြက်ပျံမကျစည်ကားနေခဲ့ပြီး ဟင်္သတာဂုဏ်ဆောင် ဖြိုးမြတ်အောင်အဖြစ် မျက်နှာပန်းပွင့်နိုင်ခဲ့ပါပြီ ဖြိုးမြတ်အောင်ကတော့ အခုလိုဂုဏ်ပြုပေးကြတဲ့ ပရိသတ်တစ်ဦးချင်းစီကို အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောဆိုထားပါတယ်။ဖြိုးမြတ်အောင် ကတော့ အခုအချိန်မှာ ဓနုဖြူ မြို့ အဝင်ကို ရောက်ရှိနေပြီဘဲဖြစ်ပါတယ်တဲ့နော် ။ ပရိသတ်ကြီးရော ဖြိုးမြတ်အောင်အတွက် မှတ်ချက်စကားလေးတွေပြောပေးသွားကြပါနော်။

Source - D Zin Tun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။