မကြာသေးခင်အချိန်တစ်ခုမှာဆိုရင်တော့ ထိုင်ဝမ်ကျွန်းဆွယ် ရဲ့ ကမ်းလွန်ပြင်လယ်ပြင်မှာ လှေတစ်စီး မီးလောင်ကျွမ်းခဲ့ပါတယ်။

အဆိုပါလှေကတော့ သြဂုတ်လ ၁၃ ရက်နေ့က မွန်းလွဲတနာရီလောက်က ဟွားကျန်းဆိပ်ကမ်းကနေ ထွက်လာခဲ့တဲ့ ဝေလငါးကြည့်လှေပဲဖြစ်ပါတယ်။ 

၎င်းမီးလောင်ကျွမ်းခဲ့တဲ့ လှေပေါ်မှာတော့ လူ၄၆ ဦးလိုက်ပါလာခဲ့ပြီး ရေလည်ခေါင်မှာမီးလောင်ကျွမ်းခဲ့တာဖြစ်တဲ့အတွက် လှေပေါ်က လူတွေဟာ အင်မတန်ထိတ်လန့်ပြီး အော်ဟစ်နေခဲ့တာတွေ့ရပါတယ်။

အဲ့ဒီနောက်မှာသူတို့တွေဟာ အနားမှာရှိတဲ့ သဘောၤကို အကူအညီတောင်ခဲ့ကြတာတွေ့ရပြီး အစိုးရအနေနဲ့တော့ လူအားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။ 

ထို ၄၆ ဦးထဲမှ တစ်ဦးသာ ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အခြားသူတွေကတော့ ဒဏ်ရာတစ်စုံတစ်ခုမှ မရရှိခဲ့ကြပါဘူး။

သို့ပေမယ့် ရဲတပ်ဖွဲ့ကတော့ အခုလိုမီးလောင်ကျွမ်းခဲ့ရတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲပဲဖြစ်ပါတယ်။ 

source - DVB & TVBS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။