သြဂုတ် ၁၅ ရက်တွင်ဖော်ပြချက်များအရ တာလီဘန်တို့တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်စခန်းတစ်ခုရှိ စစ်သား ၄၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရသောစခန်းကို တာလီဘန်စစ်သွေးကြွတွေက သန်းခေါင်ယံအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

ယခုတိုက်ခိုက်မှုဟာ တစ်ပတ်အတွင်း တာလီဘန်တို့ က ဒုတိယအကြိမ်တိုက်ခိုက်မှု ဖြစ်တယ်လို့လည်းသိရပါတယ်။သြဂုတ် ၁၃ ရက်တွင်လည်း မြောက်ပိုင်း Faryabပြည်နယ်မှာ ရှိတဲ့ စစ်စခန်းတစ်ခုကိုလည်း တာလီဘန်တို့က ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့တာကြောင့် အာဖဂန် တပ်ဖွဲ့ဝင် ၁၇ဦး သေဆုံးကာ ၁၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

တာလီဘန်စစ်သွေးကြွများက Allahuddin စစ်အခြေစိုက်စခန်းတစ်ခုကို လုူရာပေါင်းများစွာ နှင့် သန်းခေါင်ယံအချိန်တွှု်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ပြည်နယ်ဆိုင်ရာလုံခြုံရေးသတင်းမြစ်တစ်ခုက ဖော်ပြထားပါတယ်။တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၅ဦးမှာ စစ်သားတွေဖြစ်ပြီး ကျန် ၁၀ဦးမှာ ရဲတပ်ဖွဲ့ဝင်များဖြစ်တယ်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။