ယီမင်နိုင်ငံ ဆအာဒါမြို့မှာတော့အာရေးဗျနိုင်ငံက ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ဒေသခံ ကလေးအယောက် ၄၀ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။အဆိုပါကလေးငယ်များကတော့ နွေရာသီ ကျောင်းအားလပ်ရက် ခရီးကနေ ပြန်လာတဲ့ ကလေးငယ်တွေပဲ ဖြစ်ပါတယ်။ထိုကလေးငယ်များတင်ဆောင်လာတဲ့ ဘတ်စ်ကားကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းကနေ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ထိုဖြစ်ရပ်ကြောင့် ကလေး အယောက် ၄၀ သေဆုံးခဲ့ပြီး ၇၇ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဟယ်သာနောင်းဝပ်က အရပ်သားတွေ သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားဖို့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ကို တိုက်တွန်းထားခဲ့တယ်လို့သိရပါတယ်။နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဆော်ဒီအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ကြယ် ၃ ပွင့် အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီးတဦးကို ဆော်ဒီအာရေးဗျနိုင်ငံကို စေလွှတ်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုဟာလည်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလ်မန်နဲ့ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်စကားပြောခဲ့တယ်လို့သိရပါတယ်။သူတို့ပြောဆိုဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုတော့ အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိဘူးပဲ ဖြစ်ပါတယ်။အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ၊ စိတ်ချယုံကြည်ရလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကုလလုံခြုံရေးကောင်စီကလည်း တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - ဟန်လေး   

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။