ပရိသတ်ကြီးရေ အလှမယ်လောကရဲ့ နာမည်ကြီးတစ်ဦးဖြစ်တဲ့ အိမ်စည်ကတော့ သြဂုတ်လ ၁၄ရက်နေ့က Taw Win Garden Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Golden Land Myanmar2018 ပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို ရရှိခဲ့ပါတယ်။ အိမ်စည်ဆုရရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ဆန္ဒ ပြည့်ဝခဲ့ရရသလို အားလုံးရင်ထဲကို အပျော်တွေ ကူးစက်လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အခုလည်း မြန်မာကိုယ်စားပြုအလှမယ်အဖြစ် သရဖူဆောင်းနိုင်ခဲ့တဲ့ အိမ်စည်နဲ့ Miss Myanmar World 2018 ရဲ့ သရဖူဆုရှင် ဟန်တီတို့၂ဦးရဲ့ အလှပုံရိပ်တွေကို ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ Winner ဆုကို ရရှိထားတဲ့ ဟန်တီက မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲကြီးကို ကိုယ်တိုင်သွားရောက်ကာ အိမ်စည့်ကို အားပေးခဲ့ပါတယ်။ ဟန်တီက အနက်ရောင်ပွဲတက်ဝတ်စုံလေးနဲ့ ကျော့ရှင်းလှပနေသလို အိမ်စည်ကလည်း အပြာရောင်ဝတ်စုံလေးထက်မှာ အပြုံးပန်းလေးတွေ ပွင့်လန်းလှပနေတာ တွေ့ရပါတယ်။ ဟန်တီက သူမရဲ့ facebook စာမျက်နှာမှာလည်း အိမ်စည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်းကို "Congratulations Babe Eain Si!! You did it!!" ဆိုပြီးတင်ခဲ့ပါတယ်။

ပြိုင်ပွဲစင်မြင့်ထက်မှာတော့ မြန်မာဂုဏ်ဆောင်အလှမယ်နှစ်ဦးကို သရဖူကိုယ်စီနဲ့ ဝင့်ကြွားလှနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဟန်တီက သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကို "ဒီနေ့ပွဲက အမှတ်တရ Snap လေးတွေတင်ပေးလိုက်ပြီနော်! Miss Supranational 2017 Jenny Kim နဲ့လည်းစကားပြောတာ အားရပါးရဘဲ! " ဆိုတဲ့စာသားလေးနဲ့အတူလည်း ဝေမျှထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မြန်မာအလှမယ်လေးနှစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်နဲ့ ဟန်တီတို့ရဲ့ အမှတ်တရပုံလေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Shwe Eain Si & Han Thi ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။