အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အပြင် ပရဟိတလုပ်ငန်းတွေရဲ့ရှေ့ဆောင်လမ်းပြတစ်ဦးအဖြစ်လူသိများနေတဲ့ ဦးကျော်သူရဲ့ ကျန်းမာရေးစစ်ချက်ကတော့ ထွက်ရှိလာခဲ့ပါပြီ။ လက်ရှိအထိ ကျန်းမာစွာအနုပညာအလုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတဲ့ ဦးကျော်သူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေနေကတော့ ပရိသတ်တွေ စိုးရိမ်လောက်တဲ့အခြေနေတတော့ မဟုပ်ခဲ့ပေမယ့် ဂရုစိုက်ရမယ့် အခြေနေတစ်ခုဖြစ်လာတာတွေ့ရပါတယ်။  

ဒီကနေ့ ဦးကျော်သူကတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဆေးစစ်ချက်အဖြေအရ ထွက်ရှိလာတဲ့ရလဒ်ကို ပြောပြထားတာတွေ့ရပါတယ်။ အသည်းအဆီဖုံးရောဂါရှိနေသူတစ်ယောက်ဖြစ်ပြီး လက်ရှိ ခန္ဓာကိုယ်ဝလာမှုကိုတော့ သတိထားမိနေကြောင်း ပြောပြထားတာတွေ့ရပါတယ်။  

အဆိုပါရောဂါနှင့်ပတ်သက်ပြီး ဦးကျော်သူရဲ့ စာသားလေးကတော့

" အသဲအဆီနည်းနည်းဖုံးတာကလွဲပြီး ကောင်းပါတယ်တဲ့။ ဒီလောက်ဝလာမှတော့ ဒီလောက်တော့ ရှိရမယ်လေ။ အဓိကကတော့ လေ့ကျင့်ခန်းလုပ်ပါတဲ့။

အင်း....ဒါကလည်း အပျင်းဆုံးနဲ့ အခက်ဆုံးအလုပ်။

ယောဆရာတော်ဘုရားကြီး မိန့်သလိုဆို "သုံးလို့ရပါသေးတယ်"ပေါ့။ အမြဲတမ်း လှပနုပျိုနေတဲ့ မမ Tammy ရေ ကျေးဇူးတင်ပါတယ်နော်။ (ရွှေဇီးကွက်)

ကဲ သုံးကြပါ... ခိုင်းကြပါ... ပေးဆပ်ဖို့က... အသင့်! "ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ မသေခင်လုပ်ဆောင်ရမယ့်အလုပ်တွေကို ကြိုးစားလုပ်ကိုင်ဖို့နဲ့ ကိုကိုယ်ကိုညှာတာမှုတွေပြုလုပ်မနေဖို့ တိုက်တွန်းခဲ့တဲ့ ဦးကျော်သူရဲ့စာသားလေးကို ပရိသတ်တွေသဘောကျနှစ်သက်မိမယ်ထင်ပါတယ်။

Photos - Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။