သြဂုတ် ၁၄ ရက် အစောပိုင်းက အီကွေဒေါနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့်ကားပေါ်တွင် ကိုလံဘီယာနှင့် ဗင်နီဇွဲလားနိုင်ငံသားများ လိုက်ပါလာတာဖြစ်ပီး ယာဉ်မတော်တဆမှုဖြင့်လူ ၂၄ဦး သေဆုံးခဲ့ရပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါတယ်။

ဒေသစံတော်ချိန် နံနက် ၃နာရီတွင် ကွိုက်တိုမြို့သို့ မောင်းနှင်လာစဉ်တွင် “Deadman’s cure” ဟုခေါ်သည့် လမ်းတစ်လျှောက်တွင်ကားတစ်စီး နှင့် တိုက်မိခဲ့မှုကြောင့် ယခုလို ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး သေဆုံးမှုတွေဖြစ်ပွားခဲ့တာပါ။ယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းမှာ ဘရိတ်ပေါက်သွားပုံရတယ်လို့လည်းသိရပြီး ကားတစ်စီးနှင့်တိုက်မိကာအကြိမ်ပေါင်းများစွာ လိမ့်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

ယာဉ်မတော်တဆဖြစ်ပွားခဲ့သော ကားတွင် လိုက်ပါလာသူ ခရီးသည် ၃၈ဦးဖြစ်ပြီး ပည်ပခရီးသွားလာရေးကုမ္ပဏီ တစ်ခုဖြစ်သည့် Cootrans Especiales del Oriente မှ ပိုင်ဆိုင်ကြောင်းလည်းသိရပါတယ်။ကားတိုက်မှုမှ အခြားယာဉ်မှ ကလေးငယ် ၂ဦးနှင့် အပါအဝင် ခရီးသည် ၄ဦးအနက် ၃ဦးသေဆုံးခဲ့ကြောင်းလည်းသိရပါတယ်။

သတင်းအရင်းအမြစ်-Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။