ကမ္ဘာကျော် မောဒယ်လ်တစ်ဦးဖြစ်တဲ့ Kylie Jenner ဟာ 1997ခုနှစ်မှာ သြဂုတ်(၁၀) ရက်နေ့မှာ မွေးဖွားခဲ့ပြီး မကြာသေးခင်ကပဲ အသက်(၂၁) နဏီ ပြည့်ခဲ့ပြီဖြစ်ပါတယ်။သူမရဲ့ ကိုယ်ပိုင် product ဖြစ်တဲ့ Kylie Cosmetics Product ကို ဖြန့်ချိရင်း အောင်မြင်လာသူဖြစ် အသက်အငယ်ဆုံးနဲ့ အမျိုးသမီး ဘီလီယံနာတစ်ဦးအဖြစ် မှတ်တမ်းတင်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူမရဲ့ professional အလုပ်ဖြစ်တဲ့ မော်ဒယ်လ်ဘဝထက် ဝင်ငွေပိုကောင်းစေခဲ့တဲ့ သူမကိုယ်ပိုင်နာမည်နဲ့ Cosmetics Product တွေဟာ ကမ္ဘာတဝန်းမှာ ရှိတဲ့ မိန်းကလေးတိုင်းရဲ့ သည်းခြေကြိုက် အလှမှန်တင်ခုံပေါ်က တန်ဖိုးကြီးအရာ အဖြစ် နာမည်ရခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ချစ်သူကတော့ ရက်ပါအဆိုတော်Travis Scott ဖြစ်ပြီး လက်ရှိမှာတော့ သူတို့စုံတွဲလေးဟာ ချစ်စရာကောင်းတဲ့ သမီးလေး Stormi ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

သမီးလေး Stormi ကို 2018 ခုနှစ် February (၁) ရက်နေ့မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ သမီးလေးဟာ (၇)လ ဝန်းကျင် ရှိပြီ ဖြစ်ပါတယ်။သူမ သမီးလေးရဲ့ မျက်နာကို ဆိုရှယ်မီဒီယာ ထက်ကနေ ပထမဆုံး စတင်ဖော်ပြစဉ်က သူမရဲ့ သက်တော်စောင့်ဖြစ်သူ Tim နဲ့ ဆင်တူတယ်လို့ ကောလဟာလ တချို့ ထွက်ရှိခဲ့ပြီး သူမ သမီးလေးကို ဝေဖန်တိုက်ခိုက်ကြသူများအတွက် Instagram မီဒီယာကနေ ကလေးရဲ့ ပုံတွေ အားလုံးကို ဖျက်ပစ်ခဲ့ပါသေးတယ်။ သူမရဲ့ အသက်(၂၁) နှစ်ပြည့် ပြီးနောက်မှာ တော့ သူမရဲ့ ကလေးလေး Stormi ပုံကို တဖန် ဖော်ပြခဲ့ပြီး Snapchat Video လေးကို Instagram မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ Stormi ဟာ အတော်လေးထွားနေပြီ ဖြစ်သလို အ၇မ်းလဲ ဆော့နေတတ်နေပြီမို့ အမေဖြစ်သူ Kylie ချီထားတဲ့ ကြားက ဟိုဆွဲဒီဆွဲတတ်နေပြီ ဖြစ်ပါတယ်။

source: Kylie instagram;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။