Myanmar Idol Season 3 ပြိုင်ပွဲကြီးကတော့ ပရိသတ်တွေကြားမှာ ပျော်ရွှင်မှု စိတ်မကောင်းမှု ရင်ခုန်မှု စတဲ့ခံစားမှုရသမျိုးစုံကို ပေးစွမ်းနိုင်ခဲ့တဲ့ ပြိုင်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့မယ်ထင်ပါတယ်နော်။Winner ဆုကြီးကိုထိုက်ထိုက်တန်တန်ရရှိသွားခဲ့တဲ့ ဖြိုးမြတ်အောင်အတွက်အရမ်းကိုဝမ်းသာပျော်ရွှင်ခဲ့ကြရသလို အခုထိဆေးရုံပေါ်ကမဆင်းနိုင်သေးတဲ့ မောင်ချိုအတွက်လည်း ပရိသတ်တွေစိတ်မကောင်း ဖြစ်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ပရိသတ်အချစ်တော်မောင်ချိုကတော့လက်ရှိအများကြီးကျန်းမာရေးအခြေအနေကောင်းမွန်လာခဲ့ပြီးဒီနေ့မှာတော့ ပြိုင်ပွဲနေ့က သေသေချာချာမပြောဖြစ်ခဲ့တဲ့ ကျေးဇူးတင်စကားလေးတွေကို လူမှုကွန်ယက်ကနေ ရေးသားပြောကြားလိုက်ပါတယ်။  

သူမရဲ့လူမှုကွန်ယက်မှာတော့ " သမီးတို့ myanmar idol season 3 ကြီး အောင်အောင်မြင်မြင် နဲ့ ပီးဆုံးသွားပါပီ အရမ်းလဲပျော်ပါတယ် အလုံးကြီးတွေလဲကျသွားပါပီအကုန်လုံး ဒါပေမဲ့ ၃ လလောက် ဒီထဲမှာပဲသီချင်းတိုက် ထမင်းစား ပျော်ပါးခဲ့တော့ အခုကျတော့ ရင်ထဲမှာ ဟာတာတာကြီးဖြစ်ရပါတယ်။ကို Phyo Myat Aung congratulations ဗျာ winner ကြီး သမီးအရမ်းကြိုက်တဲ့သီချင်းကို လက်ဆောင်အဖြစ်ပေးလို့အရမ်းပျော်တယ် သမီးတို့ပြိုင်ပွဲဝင်တွေအားလုံးကိုအောင်မြင်အောင် ပြုစုပျိုးထောင်ပေးတဲ့ myanmar idol ကိုစီစဉ်ပေးတဲ့ အမ မမီးကိုလဲကျေးဇူးတင်ပါတယ်။ အစစအရာရာ ဖေးမကူညီပေးတဲ့ ကိုAndy , ကိုဆိုင်း , ကို pink , မေမေနှင်း ( Sky Hnin Hnin , ကိုသန့် ( U U Thomas Thomas . သမီးကိုလဲအပြောအဆိုအနေအထိုင်သင်ပေးခဲ့ကြတဲ့ ကို ဇေ ( Zeyar Minthiha ) ကို Sai , မ Chu Chu May Kyaw , မ ကေ အစရှိတဲ့ PD တွအကုန်လုံးကိုလဲကျေးဇူးတင်ပါတယ်။ သမီးကိုလှအောင် မိတ်ကပ်တွေပြင်ပေးတဲ့ ဦးမောင်တို့အဖွဲ့ရော သမီးစိတ်တိုင်းကျဖြစ်အောင်အဝတ်လေးတွေဆင်ပေးတဲ့ judson ရော ကိုဝေ ကိုရော ကျေးဇူးများကြီးတင်ပါတယ်။

သမီးနေမကောင်းတဲ့အချိန်မှာ အမြန်ဆုံးသက်သာအောင်ကုသပေးတဲ့ သူခကမ္ဘာဆေးရုံကဝန်ထမ်းအားလုံးနဲ့ ဆရာမကြီး Doc Thandar Cho နဲ့ ဆေးရုံအုပ်ကြီးကိုလဲကျေးဇူးတင်ပါတယ်။နောက်ဆုံးအနေနဲ့ သမီးကို နေရာတနေရာရောက်အောင် ပို့ပေးခဲ့တဲ့ ပရိသတ်ကြီး ( မောင်တို့) ကိုကျေးဇူးများကြီးတင်ပါတယ်။အများကြီးလဲချစ်ပါတယ်။သမီးကတော့အခုချိန်မှာ အသံအိုးထိထားလို့ ဆရာဝန်ကတော့ ၁လ လောက်နားရမယ်ပြောပါတယ် ၁ လလောက်နားပီးတာနဲ့ သမီး fan meeting လေးလဲတက်နိုင်သလောက်လုပ်ပါ့မယ်။သည်းခံပီးစောင့်ပေးကြမယ်လို့မျှော်လင့်ပါတယ်။သမီးသီချင်းတွေအများကြီးဆက်လုပ်သွားမှာပါ အားလုံးကိုကျေးဇူးဆပ်တဲ့အနေနဲ့ သီချင်းတွေများကြီးနဲ့ပြန်လာခဲ့ပါ့မယ်။i love u all (ကိုနေခန့်ဂီတာလေးမကွဲခင်ကပေါ့ ko Zaw Gyi ပါ )say u won’t let go "ဆိုတဲ့ကျေးဇူးတင်လွှာစာတမ်းလေးတစ်ခုနဲ့အတူ မောင်ချိုရဲ့ဖျော်ဖြေမှုတွေကိုလွမ်းနေတဲ့ ပရိသတ်တွေအတွက် သီချင်းလေးတစ်ပုဒ်ကိုကိုယ်တိုင်ဂီတာတီးပြီးဆိုပြသွားခဲ့တာပဲ ဖြစ်ပါတယ်။အမြန်ဆုံးကျန်းကျန်းမာမာနဲ့ ပရိသတ်တွေအတွက်သီချင်းတွေသီဆိုရင်း ဝါသနာပါရာအနုပညာလမ်းကြောင်းပေါ်ဆက်လက်လျောက်လှမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါအုန်းနော်။  

သတင်းအရင်းအမြစ် - ချမ်းမြေ့မောင်ချို    

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။