ပရိသတ်ကြီးရေ MRTV-4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ "မနေ့ကဖြစ်သည်" ဇာတ်လမ်းတွဲကတော့ ပရိသတ်ကြည့်ရှုမှု အများဆုံးနဲ့ လူကြိုက်များအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ အလင်းရောင်၊သူရိယ၊ဘုန်းရှိန်ထက်၊အေးမြတ်သူ၊ယွန်းယွန်း၊သီရိစိုးမိုးတို့က အဓိကပါဝင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကြား ရေပန်းစားအောင်မြင်ခဲ့ပါတယ်။ အခုလည်း "မနေ့ကဖြစ်သည်" ဇာတ်လမ်းတွဲက Season 2 အဖြစ် မတူညီတဲ့ပုံစံတွေနဲ့ ပရိသတ်ရှေ့ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ Season 1 တုန်းကထက် ပိုကြမ်းတဲ့ အမိုက်စားရိုက်ကွက်တွေနဲ့အတူ နောက်ထပ်သရုပ်ဆောင် အသစ်တွေက ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေတော့မှာ ဖြစ်ပါတယ်။ "မနေ့ကဖြစ်သည် 2 "မှာ ပါဝင်လာခဲ့တဲ့ သရုပ်ဆောင်တွေကတော့ ကျော်ကျော်ဗို၊အောင်မင်းခန့်၊ခါရာ၊တိုင်ရွန်၊ဆုပန်ထွာ၊အေးမြတ်သူနဲ့ သံသာမိုးသိမ့် တို့ပဲ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေနဲ့ ခေတ်သစ်သရုပ်ဆောင်တွေအတူ ပူးပေါင်းဖန်တီးထားတဲ့ ဒီဇာတ်လမ်းတွဲလေးက မကြာခင်အချိန်မှာလည်း MRTV-4 မှာ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။

Season 2 ကိုတော့ ၂၁.၁၁.၂၀၁၇ မှာ ဒါရိုက်တာ သည်ခေတ်နေက စတင်ရိုက်ကူးပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးက မယ်ခိုင်၊ကျောင်းတော်သားတို့ရဲ့ ဇာတ်ညွှန်းလေးဖြစ်ပြီး TAURUS :V Production က စီစဉ်ရိုက်ကူးတာ ဖြစ်ပါတယ်။ ဒီနေ့ 15.8.18 ရက်နေ့မှာလည်း"မနေ့ကဖြစ်သည် 2 "ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တွေအတူ တွေ့ဆုံပြီး Facebook မှာ Live Chat တစ်ခုပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ကဲ ပရိသတ်တွေအတွက် "မနေ့ကဖြစ်သည် 2 " ဇာတ်လမ်းတွဲလေးအကြောင်းကို သိရှိစေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: မနေ့ကဖြစ်သည် Official Page;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။