အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်အနောက်ပိုင်း၊ ဆူကာဘူမိဒေသတွင် အသက် ၂ နှစ်အရွယ်သာရှိသေးတဲ့ကလေးငယ်တစ်ဦးဟာ အံ့သြလွန်းလို့ေြ့ပာစရာစကားမရှိလောက်အောင်ကို ဆန်းပြားတဲ့ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့နေရပါတယ်။ရက်ပ်လို့ အမည်ရတဲ့အဆိုကလေးကတော့ အသက် ၂ နှစ်အရွယ်သာရှိသေးပေမယ့် ဆေးလိပ်သောက်သုံးမှုကို စွဲနေခဲ့ပြီး တစ်ရက်ကို ဆးလိပ် ၂ ဘူးကုန်အောင် သောက်တယ်လို့သိရပါတယ်။ရက်ပ်ဟာ အခုလိုဆေးလိပ်စွဲနေတာ ၁ လခွဲနီးပါးလောက် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ မာရတီကတော့ သားဖြစ်သူဟာ ကြမ်းပြင်ပေါ်က စွန့်ပစ် စီးကရက်ဖင်ဆီခံတွေကို ကောက်ယူ ရှူရှိုက်ရာကတဆင့် စွဲသွားခဲ့တာလို့သိရပါတယ်။ရက်ပ်ဖခင်ဖြစ်သူ မစ်စ်ဗာဟူဒင်ကလည်း ဆေးလိပ်ကို တခါတရံမှသာသောက်သူဖြစ်ပေမယ့်လည်းသားဖြစ်သူရဲ့ ခုလိုစွဲလန်းမှုဆိုးကြီးအတွက် အံ့သြမိတယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ရက်ပ်ရဲ့ဆေးလိပ်စွဲလန်းမှုကိုဖြေရှင်းဖို့ မိဘတွေက ပြန်လည်ကုသရေး စင်တာတခုခုဆီ ပို့ဆောင်နိုင်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၁ ပုံ နီးပါးဟာ ဆေးလိပ်သောက်သုံးသူတွေ ဖြစ်ကြပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာ ဆေးလိပ်သောက်သုံးမှုကို စွဲနေတဲ့ ကလေးငယ်အရေအတွက်ဟာ တနေ့တခြား တိုးပွားလာနေပြီး အသက် ၁၈ နှစ်အောက် ကလေးငယ်တွေရဲ့ ဆေးလိပ်သောက်သုံးမှုနှုန်းဟာလည်း မြင့်တက်နေခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံမှာ ဆေးလိပ်နဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် သေဆုံးသူဦးရေဟာ နှစ်စဉ် ခန့်မှန်းခြေ ၂ သိန်းလောက် ရှိနေတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။