ဟာသကားကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် အူတက်အောင်ရယ်မောပျော်ရွှင်ရမယ့် ဟာသကား တစ်ကား ထပ်မံထွက်ရှိလာပါပြီလို့ သတင်းကောင်းပါးပါရစေနော် ။ "မင်္ဂလာကုတင် " လို့အမည်ရတဲ့ ဟာသကားကြီးကို ၈ လပိုင်း ၁၀ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသနေတာလည်းဖြစ်ပါတယ်လို့ ။ ဒီကားထဲမှာ မြင့်မြတ် ၊ ဝတ်မှုန်ရွှေရည်နဲ့ ကျော်ကျော်ဗိုလ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ ။ ပရိသတ်တွေကတော့ မင်္ဂလာခုတင် နဲ့ ပတ်သက်တဲ့ ထောက်ပြမှုတွေပိုမိုမြင့်တက်နေပါတယ်။

ရုပ်ရှင်ကြော်ငြာတွေထဲမှာ ညစ်ညမ်းသော အကြောင်းအရာတစ်ခုကို ရည်ရွယ်တဲ့ "ဂျင်းကောင်ကတော့တော်တော်ဖြစ်နေတဲ့....၊တော်တော်ဖြစ်နေတဲ့ ဂျင်းကောင်းကတော့ "အစရှိတဲ့ စကားလုံးတွေနဲ့ ကြော်ငြာထားခြင်းတွေ ကြောင့် ပရိသတ်တွေက မကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ်သတ်မှတ်နေကြပါတယ်။ ဒါ့အပြင် မင်္ဂလာကုတင် ကို ကမင်္ဂလာခုတင်လို့ရေးသားထားခြင်းကို လည်း ပရိသတ်တွေက ထောက်ပြနေကြသလို မကြာသေးခင်က အချစ်ရေးကောလဟာလတွေထွက်ပေါ်ခဲ့တဲ့ နာမည်ကြီးအနုပညာရှင် နှစ်ဦးကို ရည်ရွယ်ပြောဆိုထားဟန်ရှိတဲ့ ကြော်ငြာစာသားကြောင့် လည်း ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေမြင့်တက်လျက်ရှိနေပါတယ်။ ၏

မင်္ဂလာဦးညမှာ ဖြစ်တဲ့အခက်ခဲတွေကို ဟာသ ဆန်ဆန် ရိုက်ကူးပုံဖော်ထားတာ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဟာသကားလေး တစ်ကားလို့ဆိုရမှာပါ ။ ညစ်ညမ်းတဲ့ဟာသတွေ မပါဝင်ပေမယ့် ကြော်ငြာမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကြောင့် ရုပ်ရှင်အပေါ်မှာ ဝေဖန်ထောက်ပြမှုတွေကတော့ ဆက်လက်မြင့်တက်လျက်ရှိပါတယ် ။ ပရိသတ်ကြီးလည်း ဒီကိစ္စအပေါ်မှတ်ချက်မှာအမြင်တွေသဘေထားတွေပြောပြပေးသွားကြပါနော်။

Source - မင်္ဂလာခုတင်-ရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။