ပရိသတ်ကြီးရေ ဂီတလောကရဲ့ ဘုရင်မတစ်ပါးလို့တောင်တင်စားလို့ရတဲ့ ကမ္ဘာကျော်တေးသံရှင် မက်ဒေါနား ကတော့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်မယ်လို့ထင်ပါတယ်။

၁၉၈၃ ခုနှစ်လောက်ကနေ အနုပညာလောကထဲဝင်ရောက်လာတဲ့ မက်ဒေါနားဟာ သူ့ခတ်သူ့အခါမှာတင်သာမက ယနေ့ခေတ် အထိပါ ပုရိသတွေအရမ်းကြိုက်နှစ်သက်ရတဲ့ တေးသံရှင်တစ်ဦးပဲဖြစ်ပါတယ်။ 

Stage performance တွေမှာဆိုရင်လည်း တကယ့်ကို sexy ကျကျ အမိုက်စားဖျော်ဖျေတတ်တဲ့ မက်ဒေါနားကတော့ သြဂုတ်လ ၁၇ရက်နေ့ ဒီကနေ့မှာဆိုရင် အသက် ၆၀ ပြည့်ပြီပဲဖြစ်ပါတယ်။

အသက် ၆၀ ပြည့်ပြီဆိုပေမယ့် ယနေ့အချိန်ထိအလှမပျက်လှတဲ့ မက်ဒေါနားဟာ သမီးအရွယ်လောက်သာရှိတဲ့ တေးသံရှင်လေးတွေနဲ့အပြိုင် ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုကို ယနေ့အချိန်ထိရရှိနေဆဲပါပဲ။

မက်ဒေါနား ဟာ ယနေ့အချိန်ထိ သမိုင်းတစ်လျှောက် တေးအယ်ဘန်ချပ်တွေအရောင်းရဆုံး အမျိုးသမီးတေးသံရှင်အဖြစ် ဂင်းနစ်စံချိန်တင်ထားနိုင်သူတစ်ဦးပဲဖြစ်ပါတယ်။

ဒါ့အပြင် မက်ဒေါနားကတော့ သူမရဲ့ရင်သားတွေကို အာမခံထားထားသူလေးတစ်ဦးပါပဲ။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေကြားမှာ မက်ဒေါနား ရဲ့ ရင်သားအလှဟာဆိုရင် အရမ်းကို ကျော်ကြားခဲ့တာပဲဖြစ်ပါတယ်။

ကဲပရိသတ်ကြီးရေ လူကြီးတွေသာမက လူငယ်တွေပါ ကြိုက်နှစ်သက်ရတဲ့ မက်ဒေါနားကတော့ ဒီကနေ့မှာဆိုရင် အသက် ၆၀ ပြည့်ပီနော်။ 

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။