လူတိုင်းမှာ ဝါသနာတမျိုးစီ ရှိကြပါတယ်။ ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ ကိုယ်ဝါသနာပါတာတွေကို လုပ်ရင်းနဲ့ ရနိုင်မယ့် ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။ကိုယ်ဝါသနာပါတာလေးတွေကို လုပ်ရင်းနဲ့ ထူးချွန်သွားတဲ့ သာဓက တွေ လည်း အများအပြားရှိပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ခြင်း။

တစုံတရာက သင့်ကို အရမ်းစိတ်ဒုက္ခပေးနေတယ်ဆိုရင် သင်ဝါသနာပါတဲ့ အရာကို လုပ်ရင်း အနားယူဖို့ တိုက်တွန်း ချင်ပါတယ်။ ဒီလို သင်ဝါသနာပါတဲ့ အရာကို လုပ်ရင်းနဲ့ သင့်ရဲ့ စိတ်ဖိစီးမှုတွေ တဖြည်းဖြည်းလျော့လာတာကို သင်တွေ့ရမှာပါ။

(၂) ပေါင်းသင်းဆက်ဆံမှု။

သင်ဝါသနာပါရာကို လုပ်ရင်းနဲ့ အပေါင်းအသင်းတိုးနိုင်ပါတယ်။ သင်နဲ့ ဝါသနာတူတွေနဲ့ ပေါင်းမိမယ်ဆိုရင် ဒီဝါသနာအကြောင်းတွေကို ပြောရင်းနဲ့ သင်တို့တွေဟာ မိတ်ဆွေစစ်တွေတောင် ဖြစ်လာနိုင်ပါတယ်။

(၃) စိန်ခေါ်မှုများ။

သင်ဝါသနာပါရာကို လေ့လာရင်းနဲ့ စိန်ခေါ်မှုတွေ ကြုံရနိုင်ပါတယ်။ ဥပမာ သင်ဟာ ဂီတာတီးတာ ဝါသနာပါလို့ ဂီတာတီးသင်ရင်းနဲ့ ခက်ခဲတဲ့ အပိုင်းတွေကိုရောက်လာခဲ့ရင် လက်မလျော့ဘဲ ဆက်သင်ရပါမယ်။

ဒီလို စိန်ခေါ်မှုသေးသေးလေးတွေကို ရင်ဆိုင်နိုင်ရင် တဖြည်းဖြည်းနဲ့ ဘဝမှာရှိတဲ့ စိန်ခေါ်မှုကြီးကြီးမားမားတွေကို ရင်ဆိုင်လာနိုင်ပါလိမ့်မယ်။

(၄) ကိုယ်ရည်ကိုယ်သွေး မြင့်မားလာခြင်း။

သင့်ဝါသနာဟာ သင့်နားတွေ၊ မျက်လုံးတွေကို ဖွင့်ပေးတဲ့ တံခါးတခုပါ။ သင်ဝါသနာပါတာတွေကို လေ့လာရင်း သင်ရဲ့ ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်းကျယ်ပြန့်လာပါလိမ့်မယ်။ ဒီလိုနဲ့ သင်ဟာ အတွေ့အကြုံတွေ ရလာပြီး သင်မသိလိုက်ခင် မှာဘဲ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာတာကို ကြုံရမှာပါ။

(၅)ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်း။

သင်ဝါသနာပါရာကို လုပ်ရင်း အောင်မြင်ကို ရရှိလာတဲ့ အခါမှာ သင့်ကိုယ်သင် အရင်ကထက်ပိုပြီး ယုံကြည်မှု ရှိလာပါလိမ့်မယ်။ ဥပမာ ဂီတာတီး သင်ရင်း သီချင်းတပုဒ်ကို အောင်အောင်မြင်မြင်ကို တီးနိုင်လာခဲ့ရင် သင့်ကိုယ်သင် ယခင်ကထက် ပိုမိုယုံကြည်မှုရှိလာပါလိမ့်မယ်။

Source - lifegoals.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။