Hip Hop လောကမှာ female rapper အဖြစ် နာမည်တစ်ခုစိုက်ထူနိုင်ထားတဲ့ Bobby Soxerက တော့ ပရိသတ်အားပေးမှုကို ရရှိပြီးသား အဆိုတော်မလေးဘဲ ဖြစ်ပါတယ် ။ မြန်မာ Hip Hop လောကရဲ့ ပြိုင်ဘက်ကင်း အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ် တွေအကြိုက်တေးသီများစွာကို ရေးစပ်သီဆိုထားနိုင်သူတစ်ယောက် လည်းဖြစ် ပါတယ်။

လတ်တလောမှာတော့ သူမရဲ့ 21 ခွေထဲက ပရိသတ်တွေ အကြိုက်များခဲ့တဲ့ အလွမ်းသမ ဆိုတဲ့ သီချင်း MTV လေး ထွက်ရှိနေပါပြီ ။ ဒီ MTV လေးမှာ သူမရဲ့အစ်ကို ဖြစ်သူ စိုးဖြိုးနဲ့ မော်ဒယ် မင်းသမီးချောလေး ခိုင်သဇင်ငုဝါတို့က ပါဝင်သရုပ်ဆောင်ထားတာဘဲ ဖြစ်ပါတယ် ။ မိန်းကလေးတစ်ယောက်ရဲ့ နာကျင်မှုကို ပုံဖော်ပြီးရိုက်ကူးထားတာ ဖြစ်ပြီး နောက်ဆုံးမှာ ကိုယ်ချစ်တဲ့ ယောက်ျားတစ်ယောက်အတွက် အနစ်နာခံပြီး စွန့်လွှတ်ပေးလိုက်တဲ့ ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလေးအဖြစ် ပုံဖော်ထားတာပါ ။

နောက်ထပ် MTV အသစ်တွေကို ပရိသတ်တွေက မျှော်လင့်နေကြပါတယ် ။ အလွမ်းသမ MTV လိုမျိုး တခြားဘယ်သီချင်းတွေက အမိုက်စား MTV အဖြစ်ထွက်ပေါ်လာဦးမလဲဆိုတာ ကတော့ရင်ခုန်စရာပါဘဲနော် ။ Bobby Soxer ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် သူမရဲ့ အလွမ်းသမ MTV လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : FG Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။