ချီချီလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြပြီး မြန်မာနိုင်ငံရဲ့နာမည်ကျော် Beauty Bloger တစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တာမို့ ပရိသတ်တွေအမြဲစောင့်ကြည့်ခံနေရတဲ့သူပဲ ဖြစ်ပါတယ်..။

နေခြည်ဦးကတော့ သူမဖခင်ကို ကားဝယ်ပေးဖို့ ပူဆာနေပြီး ကားကတော့ မဝယ်ဖြစ်သေးပေမယ့် Showroom မှာ ကားသွားကြည့်ခဲ့တဲ့ ဓာတ်ပုံလေးတွေကိုလည်း သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာ ပြန်လည်မျှဝေထားခဲ့တာ တွေ့ရပါတယ်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချင်းချင်းစနောက်ထားပြီး သူမရဲ့သူငယ်ချင်းတစ်ယောက်ကတော့ ပြည်သူတွေဆင်းရဲနေချိန်မှာ သိန်း(၂၀၀၀)ကျော်ကားကြီးစီးရမှာ မရှက်ဘူးလားဆိုပြိး စနောက်ခဲ့တာ တွေ့ရပါတယ်..။

ပရိသတ်အချစ်တော် နေခြည်ဦးတစ်ယောက်ကတော့ သိန်း(၂၀၀၀)ကျော် ကားကြီးစီးရမှာ မရှက်ဘူးလားဆိုတဲ့ သူမသူငယ်ချင်းရဲ့ မေးခွန်းလေးကို “၆၀၀၀ အယ်ကိုကြီး..” ဆိုပြီး Repy ပြန် အရွှန်းဖောက်ခဲ့ပါတယ်..။

သူမတို့သူငယ်ချင်းနှစ်ယောက်စနောက်ထားကြတာကို မသိတဲ့ ချီချီရဲ့ ပရိသတ်တွေကတော့ စိတ်ဆိုးပြီး Comment တွေမှာ ရေးသားထားကြတာ တွေ့ရပါတယ်..။

အမြဲတတ်ကြွပြီး ချစ်စရာကောင်းတဲ့ ချီချီတစ်ယောက်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူနေသလို အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေပြီး သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေအမြဲပြန်လည်မျှဝေလေ့ရှိသူလေးလည်း ဖြစ်ပါတယ်..။

Photo - နေခြည်ဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။