လတ်တလောမှာ ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ အနုပညာရှင်တွေထဲမှာ အမျိုးသမီးတွေက အများဆုံးဖြစ်ပါတယ်။ အခုလည်း ပြီးပြည့်စုံတဲ့အလှတရားတွေနဲ့ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်၊သရုပ်ဆောင်တွေထဲမှာ ထိပ်တန်းစာရင်းဝင်ပျိုမေလေးတွေက ရှုတင်တစ်ခုမှာ အတူဆုံတွေ့ခဲ့ကြပါတယ်။ နတ်သမီးလေးတွေတစ်မျှ ချောမောလှပကြတဲ့ သူမတို့က အဖြူရောင်ဝတ်စုံလေးကိုယ်စီနဲ့ အမိုက်စားပုံရိပ်တွေကို ဖန်တီးခဲ့ကြပါတယ်။

ဒီအလှပုံရိပ်လေးတွေကတော့ နာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ ''LUSH Magazine ''ရဲ့ သြဂုတ်လထုတ် မဂ္ဂဇင်း မျက်နှာဖုံးအတွက် ရိုက်ကူးခဲ့တဲ့ပုံရိပ်လေးတွေ ဖြစ်ပါတယ်။ နာမည်ရအလှမိမယ်လေးတွေဖြစ်တဲ့ သင်ဇာဝင့်ကျော် ၊နွယ်ဒါလီထွန်း၊မေ၊နန်းခေမာ၊မေမြတ်နိုး၊ဟန်လေး၊မေတိုးခိုင်၊ရတနာတို့နဲ့အတူ ''Month of Beauty with all the beautiful Stars''ဆိုတဲ့ ခေါင်းစဉ်လေးဖြင့် Fredက ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

စွဲမက်ဖွယ်ကောင်းလောက်အောင် လှနေတဲ့သူမတို့ရဲ့ပုံရိပ်လေးတွေကို ဒါရိုက်တာနဲ့ ဓာတ်ပုံဆရာတို့က သေချာဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ သူမတို့အတွက် မိတ်ကပ်နဲ့ဆံပင်ကိုတော့ MakeUp May Oo Maung က အလှဆုံးပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း အဖြူရောင်နတ်သမီးလေးတွေရဲ့ ရင်ခုန်ငေးမောဖွယ် အလှတရားတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kyaw Thu Han; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။