ပရိသတ်ကြီးရေ အဆိုတော်၊မင်းသမီးချောလေး မေကတော့ ချိုသာတဲ့အသံလေးနဲ့အတူ မြင်သူချစ်မိစေမယ့် မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဗီဒီယိုသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးခဲ့ပြီး တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ အမြဲဆွဲဆောင်မှုအပြည့်နဲ့ ဖမ်းစားတတ်တဲ့ မေက အခုလည်း သူမရဲ့ပွဲတက်အလှပုံတွေနဲ့ ပရိသတ်တွေရဲ့အသည်းကို တစ်ဖန်ညို့ယူဖမ်းစား လိုက်ပြန်ပါတယ်။

စိန်နန်းတော်ကပြုလုပ်ကျင်းပခဲ့တဲ့ ''A Moment of love Wedding Fair '' ပွဲလေးကို မေက အနက်ရောင်ပွဲတက်ဝတ်စုံလေးနဲ့ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲလေးကိုတော့ သြဂုတ်လ ၁၂ရက်နေ့က '' Panpacific Yangon Hotel '' မှာ ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲလေးမှာ ဒီဇိုင်နာ ကောင်းမြတ်နဲ့ မိုးကုတ်ပေါက်ပေါက်တို့ရဲ့ ဆန်းသစ်လှပတဲ့ မင်္ဂလာဝတ်စုံဒီဇိုင်းလေးတွေကို ပြသခဲ့တာလည်း ဖြစ်ပါတယ်။

မေက ဒီဇိုင်နာ ကောင်းမြတ် စီစဉ်ချုပ်လုပ်ပေးထားတဲ့ ပွဲတက်ဖက်ရှင်လေးနဲ့အတူ မြင်သူငေးအောင်လှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ''မလှဘူးပြောရင် ငိုလိုက်မယ်''ဆိုတဲ့ စာသားလေးနဲ့အတူ ဝေမျှထားတာ ဖြစ်ပါတယ်။ သူမရဲ့ပွဲတက်အတွက် လက်ဝတ်ရတနာတွေကိုတော့ စိန်နန်းတော်က ပံ့ပိုးကူညီပေးထားပြီး မိတ်ကပ်ကိုတော့ လင်းလင်းကပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မင်းသမီးချောလေး မေရဲ့ ညို့အားပြင်းနေတဲ့အလှပုံလေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Candy May;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။