ညကကစားခဲ့တဲ့ မြန်မာအသင်းနဲ့မြောက်ကိုးရီးယားအသင်းတို့ပွဲမှာတော့ မြန်မာအသင်းက ဦးဆောင်ဂိုးရရှိခဲ့ပေမဲ့လဲ အနိုင်ရလဒ်ကိုမထိန်းနိုင်တာကြောင့် သရေတစ်မှတ်ခွဲပေးခဲ့ရပါတယ်။ အခုလိုအာရှထိပ်သီးအသင်းကိုတောင် ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ မြန်မာအသင်းရဲ့သရေရလဒ်ကတော့ တကယ်ကိုအဖိုးမဖြတ်နိုင်ပါဘူး။ မြန်မာအသင်းနဲ့ မြောက်ကိုရီးယားအသင်းရဲ့ မှော်ဝင်ဂိုးတွေနဲ့သွင်းယူခဲ့တဲ့ ဟိုက်လိုက်ဗီဒီယိုလေးကိုတော့ အောက်မှာကြည့်နိုင်ပါတယ်။

မြောက်ကိုးရီးယားကို သရေတစ်မှတ်ခွဲပေးခဲ့ရပေမဲ့လဲ မြန်မာအသင်းကတော့ အာရှရဲ့ ထိပ်သီးအသင်းတွေဖြစ်တဲ့ အီရန် ဆော်ဒီအာရေးဘီးယား မြောက်ကိုးရီးယားတို့ရဲ့အပေါ် အုပ်စုထိပ်မှာမြန်မာအသင်းက ရပ်တည်နေပါတယ်။ အဆိုပါပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ မြန်မာဂိုးသမား ကျော်ဇင်ထက်က ရရှိခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ယခုခြေစွမ်းမျိုးနဲ့သာ ကျန်အသင်းတွေကို ယှဉ်ပြိုင်နိုင်ခဲ့ပါက အုပ်စုကနေ ကျွတ်ဖို့ အလားအလာတော့ရှိနေပါတယ်။ မြန်မာအသင်းအနေနဲ့ မနက်ဖြန် 17နေ့မှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဆော်ဒီနဲ့ ကစားရမှာပဲဖြစ်ပါတယ်။ မြန်မာပရိသတ်တွေကတော့ မနေ့ကညလေးကို တစ်သက်မေနိုင်မယ်လို့မထင်ပါဘူး။ 

source: mff 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။