MYANMAR IDOLပြိုင်ပွဲကြီးကတော့ စိတ်လှုပ်ရှားစရာတွေနဲ့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီး MYANMAR IDOL WINNER ဆုကို ဖြိုးမြတ်အောင်ကတော့ ရရှိခဲ့ပါတယ်။ MYANMAR IDOLပြိုင်ပွဲဝင် ၁၁ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက်ညီအကိုမောင်နှမလိုခင်မင်ခဲ့ရပြီး ယခုမှာတော့ MYANMAR IDOL အသိုက်အမြုံလေးထဲကနေ စိတ်မကောင်းစွာနဲ့ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။   

MYANMAR IDOL ပြိုင်ပွဲဝင်နီလန်းကတော့ " After Party တုန်းက Memories လေးတွေပါ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ဘယ်တော့မှလည်း မေ့လို့ရမှာမဟုတ်ပါဘူး Love You All " ဆိုပြီး ပြောထားပါတယ်။သူမကတော့ အခုလိုခွဲခွာခဲ့ရလို့ စိတ်မကောင်းဖြစ်ပေမဲ့လဲ အပြုံးလေးတွေနဲ့ပဲပြုံးပြပြီး နှုတ်ဆက်ထွက်ခွာခဲ့ကြပါတယ်။  

MYANMAR IDOLပြိုင်ပွဲဝင် ၁၀ယောက်ကတော့ ယနေ့မှာ MYANMAR IDOL အသိုက်အမြုံလေးထဲကနေထွက်ခွာပြီး မွေးရပ်မြေက ပရိသတ်တွေဆီအရောက်သွားနေပါပြီ။ သူမတို့ပြိုင်ပွဲဝင်တွေအခုလို ခွဲခွာရလို့ စိတ်မကောင်းဖြစ်နေသလို ပရိသတ်တွေကလဲ ထပ်တူထပ်မျှစိတ်မကောင်းဖြစ်နေကြပါတယ်။ ချစ်ပရိသတ်ကြီးအတွက် နီလန်းရဲ့ အပြုံးလေးတွေနဲ့ MYANMAR IDOLကို နှုတ်ဆက်ထွကက်ခွာသွားတဲ့ ချစ်စရာပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

SOURCE: NILEN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။