အချစ်သီချင်းအေးအေးလေးတွေနဲ့ပရိတ်သတ်တွေရဲ့ရင်ထဲကိုရောက်လာနိုင်တဲ့သူကတော့

အဆိုတော်နိုင်းဝမ်းပဲဖြစ်ပါတယ်။GFamilyအဖွဲ့ဝင်တစ်ယောက်ဖြစ်ပီးပရိတ်သတ်တွေနဲ့မစိမ်းတဲ့သူတစ်ယောက်ပါ။

ဖျော်ဖြေပွဲတွေမှာအများဆုံးတွေ့ရပီးပရိတ်သတ်အကြိုက်သီချင်းတွေကြောင့်ပရိတ်သတ်တွေရဲ့

တခဲနက်အားပေးခြင်းကိုခံရတဲ့အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေတာပါ။

သူကတော့အဆိုတော်ရသရဲ့သတင်းကိုကြားပီးစိတ်မကောင်းဖြစ်နေတာပါ။အဆိုတော်လောကမှာသာမက

အပြင်လောကမှာပါအရမ်းခင်ကြတဲ့သူငယ်ချင်းတစ်ယောက်အကြောင်းမနက်မိုးလင်းလင်းချင်းလိုက်တဲ့

အတွက်စိတ်မကောင်းဖြစ်နေတာပါ။နိုင်ဝမ်းကမူယစ်ဆေးဝါးနဲ့ပက်သက်တဲ့အင်တာဗျူးဖြေထားခဲ့တာ

ဟိုးရှေ့ရက်တွေကတည်းကအဲဒီအင်တာဗျူးကိုဒီနေ့မှအွန်လိုင်းပေါ်တင်လိုက်တာတွေ့ရလို့ပိုလို့တောင်စိတ်မကောင်းဖြစ်ရတယ်ဆိုပီးပြောထားတာပါ။

အရင်ကကိုယ်နဲ့တစ်အိမ်ထဲနေ၊တစ်ပန်းကန်ထဲအတူစား၊အတူသီချင်းတွေလုပ်လာတဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့

အဆိုတော်ရသကတော့မနေ့ကမနက်အစောပိုင်းကမူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းစီးခံရတာပါ။

နိုင်းဝမ်းကတော့မူးယစ်ဆေးဝါးကိုရာသက်ပန်လှူထားတယ်လို့လည်းပြောထားပါသေးတယ်။

မိန်းကလေးပရိတ်သတ်တွေသာမကယောင်္ကျားလေးပရိတ်သတ်တွေကပါအားပေးရတဲ့သီချင်းတွေနဲ့နေရာယူထားတဲ့

အဆိုတော်နိုင်းဝမ်းရဲ့အနုပညာအလုပ်တွေကိုဆက်ပီးအားပေးဖို့အတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Kyaw Zin Latt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။