ပရိသတ်တွေကြား အရမ်းကို ရေပန်းစားခဲ့ရတဲ့ Myanmar Idol Season 3 ပြိုင်ပွဲကြီးက ယခုချိန်မှာ ပြီးဆုံးသွားခဲ့ပြီး Winner ဆုကိုတော့ ဟင်္သာတသားလေး ဖြိုးမြတ်အောင်က ရရှိခဲ့တာ ဖြစ်ပါတယ်။ သူအနေနဲ့ ပြိုင်ပွဲကာလစဉ်တစ်လျှောက်လုံး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးဝန်းရံမှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အမာခံပရိသတ်တွေများစွာ ရရှိထားခဲ့တဲ့ ဖြိုးမြတ်အောင်က ဆုရရှိပြီးနောက်မှာတော့ ရန်ကုန်ကနေ သူရဲ့မွေးရပ်မြေကို သြဂုတ်လ ၁၅ရက်နေ့က ပြန်ခဲ့ပါတယ်။

ဖိုင်နယ်ပွဲစဉ်မစခင် ပထမအကြိမ် အိမ်ပြန်ခရီးမှာတော့ ဟင်္သာတတစ်မြို့လုံးရှိ ပရိသတ်တွေရဲ့ သောင်းသောင်းဖျဖျ ကြိုဆိုအားပေးခြင်း ခံခဲ့ရပါတယ်။ ယခုလို ဒုတိယအကြိမ်အဖြစ် Winner ဆုကြီးကို သိမ်းပိုက်ပြီး အပြီးတိုင်ပြန်ခဲ့တဲ့ သူရဲ့အိမ်ပြန်လမ်းခရီးမှာတော့ မြို့နေလူထုရဲ့ ကြက်ပျံမကျ စည်ကားကြိုဆိုခြင်းကို ခံခဲ့ရပြန်ပါတယ်။ ဖြိုးမြတ်အောင်အနေနဲ့ ကိုယ့်မြို့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ သူရဲ့ဆုကို လက်မှာမြောက်ပြီး ပရိသတ်တွေနဲ့ ဝမ်းသာအားရ တွေ့ဆုံခဲ့ပါတယ်။  

ဟင်္သာတာခရိုင်က လာရောက်ကြိုဆိုကြတဲ့ ဆိုင်ကယ်လူထုကြီးဟာဆိုရင်လည်း ကြက်သီးထစရာ ကောင်းလောက်အောင် ကြိုဆိုကြတာကို တွေ့ရပါတယ်။ ဖြိုးမြတ်အောင်ကတော့ "ခိုလှုံရာ ပရဟိတ"အဖွဲ့ရဲ့ လာရောက်ကြိုဆိုတဲ့ကားပေါ်က လိုက်ပါကာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကဲ ဖြိုးမြတ်အောင်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း သူရဲ့အိမ်ပြန်လမ်းက အမှတ်တရပုံရိပ်တွေကို ကြည့်ရှုဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Source: We Love Phyo Myat Aung Fan Club;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။