ပြည်တွင်း ရေကြီးနစ်မြုပ်မှုတွေကတော့ တိုင်းဒေသကြီးများစွာရဲ့ နေရာဒေသများစွာမှာဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် မြို့ရွာကျေးလက်ဒေသများစွာနှင့်အတူ ကျောင်း၊ အဆောက်အဦး ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓဘာဝင်တို့အထွဋ်အမြတ်ထားရာ ဘုရား စေတီပုထိုးနယ်မြေများစွာလည်းပါဝင်လျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ ဗုဒ္ဓဘာသာဝင်တို့အထွဋ်အမြတ်ထားရာဒေသတွေထဲမှာ မွန်ပြည်နယ် မော်လမြိုက်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ကျိုက္ခမီရေလယ်ဘုရား တည်ထားရာဒေသလည်းပါဝင်နေတာတွေ့ရပါတယ်။ လက်ရှိ ရေတက်မှုများပြားနေပြီး ကျိုက္ခမီဘုရားဒေသအတွင်း ရေနစ်မြုပ်မှုမြင့်တက်လျှက်ရှိတာတွေ့ရပါတယ်။  

နေ့စဉ်မပျက်စည်ကားလျှက်ရှိသောအဆိုပါကျိုက္ခမီဒေသကို ပြည်တွင်းဗုဒ္ဓဘာသာဝင်များသာမက ပြည်ပခရီးသွားနိုင်ငံခြားသားများစွာက လာရောက်လျှက်ရှိပြီး လက်ရှိ ရေကြီးမှုကြောင့် ဒေသခံအချို့ပါပြောင်းရွေ့နေထိုင်လျှက်ရှိကြောင်း သိရပါတယ်။ ပင်လယ်ရေနဲ့စပ်ဆက်လျှက်ရှိတဲ့ အဆိုပါကျိုက္ခမီရေလယ်ဘုရားရေနစ်မြုပ်မှုဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြသလိုက်ပါတယ်။

Photos - Ko Thant Zin Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။