နာမည်ကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်တစ်ယောက် သူမရဲ့အကြမ်းစားပုံရိပ် တစ်ခုကို Instagram မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ မော်ဒိုက် ကမ်းခြေကို အပန်းဖြေခရီး ထွက်တုန်းက ရိုက်ကူးခဲ့တာဖြစ်ပြီး အရမ်းကို sexy ကျလွန်းနေပါတယ်။ သူမရဲ့ကျော့ရှင်း လွန်းတဲ့ ကောက်ကြောင်းအလှကတော့ သူမတူအောင်ပါပဲ။ ဘယ်အချိန်ကြည့်ကြည့် ဆွဲဆောင်မှုတွေ ပြည့်နှက်လို့နေပါတယ်။

အောင်မြင်တဲ့မိတ်ကပ်ဖန်တီးသူအဖြစ်နဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းသူတစ်ဦး လည်းဖြစ်ပါ တယ်။ သူမဟာ ခွဲစိတ်ကုသမှုခံယူထားပြီး အမျိုးသမီးဘဝကို အမြတ်တနိုးခံယူ ထားသူလည်းဖြစ်ပါ တယ်။ အသံခွဲစိတ်မှုအထိပါ ပြုလုပ်ထားပြီး သူမရဲ့အစစအရာရာဟာ အမျိုးသမီး တစ်ယောက်နဲ့ ချွတ်စွတ်တူလွန်းနေပါတယ်။

မော်ဒိုက်မှာရိုက်ကူးထားတဲ့ သူမရဲ့အမိုက်စား ဝတ်လစ်စလစ်ပုံရိပ်တွေကတော့ ပရိသတ် တွေကြားမှာ လက်ရှိအရမ်းကိုရေပန်းစားလို့နေပါတယ်။ အရပ်ရှည် ရှည် ခန္ဓာကိုယ် လှလှနဲ့ မိတ်ကပ်ဖန်တီးရှင် မထက်ရဲ့ကြွေချင် စရာကောင်းလွန်းတဲ့ အမိုက်စားပုံရိပ်တွေ ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။