ပရိသတ်အချစ်တော် မင်းသားချော ကျော်ကျော်ကတော့ ဂီတာလေးကိုယ်တိုင်တီးကာ သီချင်လေးတစ်ပုဒ်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ ရင်တဒိတ်ဒိတ်ခုန်သွားစေခဲ့ပါတယ်။သူကတော့ ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ အဆိုတော်ဖြိုးပြည့်စုံရဲ့ လရိပ်သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားတွေကို သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ကောျ်ကျော်ရဲ့ သီဆိုပုံလေးကို ပရိသတ်တွေအရမ်းကို သဘောကျစေမယ့်ဆိုတာအသေအချာပါပဲ။

လူငယ်ပီပီနောက်နောက်ပြောင်ပြောင်နေတက်တဲ့ ကျော်ကျော်ကတော့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေ သူငယ်ချင်းတွေကြားမှာ အမြဲပျော်ပျော်ရွှင်ရွှင်စနောက်နေတက်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ဒီတစ်ခေါက်ကိုယ်တိုင်ဂီတလေးတီးကာ ဆိုပြခဲ့တဲ့သီချင်းလေးဟာလည်း အဆိုတော်ဖြိုးပြည့်စုံရဲ့ လရိပ်သီချင်းလေးကို Version ပြန်ပြောင်းပြီး ဆိုခဲ့တာပဲ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ မရှိတဲ့ဘာသာ စကားမျိုးနဲ့ ဆိုပြသွားခဲ့တာဖြစ်လို့ ပရိသတ်တွေအားလုံးရယ်မောနေကြရမယ်ထင်ပါတယ်နော်။ 

ကျော်ကျော်ကတော့ တကယ့်ကိုရုပ်တည်နဲ့ နောက်လိုက်တာပဲ ဖြစ်ပါတယ်နော်။သူရဲ့သီချင်းဗီဒီယိုလေးကို ကြည့်မိတဲ့ ပရိသတ်တွေ အားလုံးလည်း အရမ်းကိုရယ်မောပျော်ရွှင်နေကြရမယ်ထင်ပါတယ်။တကယ်ဆိုလည်းဆိုတက်ပါပေတယ်နော်။ဂြိုလ်သားစကားလို့ တောင်တင်စားရမလားမသိတဲ့ Versionနဲ့ သီချင်းလေးတွေကိုဆိုပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေအားလုံးရယ်မော်ပျော်ရွှင်နိုင်ဖို့ ကျော်ကျော်ကိုယ်တိုင် ဂီတာလေးနဲ့သီချင်းဆိုပြခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်းတင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ကျော်ကျော် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။