အဆိုတော် အစ္စဏီကိုတရားစွဲဆိုထားတဲ့ မော်ဒယ်သရုပ်ဆောင် စူးရှထက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းထဲက အဆိုတော်ယုန်လေးကိုပါတရားစွဲဆိုထားခဲ့တဲ့ သတင်းတွေထွက်ပေါ်ခဲ့ရာ ယုန်လေးကိုယ်တိုင် လူမှုကွန်ယက်ဖေ့ဘွတ် စာမျက်နှာပေါ်တွင် ဖြေရှင်းခဲ့တာလည်းတွေ့ရပါတယ်။စူးရှထက်ရဲ့ တရားစွဲဆိုမှုကြောင့် ယုန်လေးကို ခင်မင်သူအပေါင်းတို့ကလည်း ဖုန်းဆက်ကာ သတင်းလှမ်းမေးကြတယ်လို့လည်းသိရပါတယ်။စူးရှထက်ရဲ့ တိုင်တန်းချက်ဟာ ပြစ်မှုမမြောက်ကြောင်း ယုန်လေးက သူ့ ကိုယ်ပိုင် လူမှုကွန်ယက်မှာ ရေးသားပြီးနောက်ပိုင်း မှာ စူးရှထက်က ညီမလေးအကို အရာရာအဆင်ပြေပါစေ လို့ မေတ္တာပို့လိုက်ပါတယ်

စူးရှထက်တစ်ယောက် ယုန်လေးရဲ့ ရေးသားထားချက်တွေကို ပြန်လည်မျှဝေရင်း အခုလိုရေးသားထားပါတယ် ။ "ဟုတ်ကဲ့ ဟုတ်ကဲ့ဘယ်သူက အမူ့ဖွင့်လို့ အမူ့မမြောက်ဘူးပြောတာလဲကိုယုန် ကိုယုန်က တရားရုံးမှာ ညီမကို ညှိ့လို့ရရင်ရမရင် သတ်ပစ်မယ်ဆိုတာ ကိုယုန် ပါးစပ်က ထွက်ခဲ့တာ ကိုယုန်အသိဆုံးပါ ။ " လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ စူးရှထက်တစ်ယောက် သူမ ခြိမ်းခြောက်ခံရတဲ့ ကိစ္စ ကို နောက်ထပ်မဖြစ်ပေါ်အောင်သာ ပြည်သူ့ရဲတွေဆီမှာ အကူအညီ တောင်းခံခဲ့တယ်လို့ဆိုပါတယ်။

စူးရှထက်က " ညီမက နောက်ထက်မပြောဖို့ တာဝန်သိ ရဲတွေကိုပြောခဲ့တာပါ ဘယ်ရဲက ညီမ အမူ့ဖွင့်ထားတယ်လို့ ကိုယုန်ကိုပြောလဲ??? မသိလို့မေးပါရစေစိတ်ထားအရမ်းကောင်းလှပါသော ညီမလေးအကို အရာရာအဆင်ပြေပါစေ" လို့ ဆုတောင်းရေးသားထားတာကိုတွေ့ ရပါတယ်။ စူးရှထက်ကတော့ လူရင်းတွေဖြစ်လို့ ယုန်လေး စိတ်ရင်းကောင်းတာကို အသိအမှတ်ပြုတယ်လို့ ဆိုနိုင်ပါတယ်။ ပရိသတ်ကြီးရေ စူးရှထက်ကတော့ ယုန်လေးအတွက် မေတ္တာပို့လိုက်တာနဲ့ ပတ်သက်ပြီး မှတ်ချက်မှာ အမြင်သဘောထားလေးတွေပြောဲပပေးသွားကြပါနော်။

Source - Zar Chi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။