ပရဟိတမင်းသားကြီးဝေဠုကျော်ကတော့နေ့စဉ်နေ့တိုင်းရေဘေးသင့်ပြည်သူတွေအတွက်မနားတမ်း

ကြိုးစားလုပ်ဆောင်နေတဲ့အချစ်တော်မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့အတူ

ပရဟိတအလုပ်တွေကိုအမြဲလုပ်ကိုင်နေပီးပြည်သူတွေဘေးကင်းဖို့အတွက်မနားမနေပင်ပန်းခံနေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

မင်းသားကြီးဝေဠုကျော်ဟာရေဘေးသင့်ဒေသတွေမှာကူညီကယ်ဆယ်ရေးတွေလုပ်နေတာဖြစ်ပါတယ်။

ယခုမှာကရင်ပြည်နယ်ဘားအံမြို့နယ်ဒေါ်လန်းကျေးရွာအုပ်စုအိမ်ခြေပေါင်း(၁၁၀၆)အိမ်ထောင်စုတို့အား

ထိုင်းနိူင်ငံAACအဖွဲ့၊အေးမြတ်သူဦးဆောင်သောစေတနာရှင်အဖွဲ့၊MissHpaanပရဟိတအဖွဲ့တို့နှင့်အတူ

ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့ပူးပေါင်းပီးရေဘေးသင့်ဒေသကအိမ်ခြေ(၁၁၀၆)ကိုကူညီထောက်ပံ့ပေးခဲ့တာပါ။

ပြည်သူတွေအတွက်မေတ္တာစေတနာကြီးမားပီးပရဟိတစိတ်အပြည့်နဲ့မင်းသားကြီးကဝေဠုကျော်ကတော့မကြာသေးခင်ကမှ

ရေစီးနဲ့မျောပါသွားတဲ့လူနှစ်ယောက်ကိုအသက်စွန့်ပီးကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့ပါသေးတယ်

။ပြည်သူတွေအဆင်ပြေဖို့အတွက်ရှေ့တန်းတင်ပီးနေ့ညမပျက်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့မင်းသားကြီး ဝေဠုကျော်ကိုချီးကျူးဂုဏ်ပြုလိုက်ရအောင်နော်

Photo:ဝေဠုကျော်ဖောင်ဒေးရှင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။