ပြည်သူချစ် အဆိုတော်၊ မင်းသမီး လေးဖြစ်တဲ့ နန်းဆုရတီစိုးကတော့ မြန်မာနိုင်ငံရဲ့ အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်သလို အောင်မြင်တဲ့ မိန်းကလေး တစ်ယောက်လို့ ဆိုရမှာပါ။သူမရဲ့ အနုပညာအလုပ်တွေနဲ့ ရပ်တည်နိုင်တဲ့ မိန်းကလေးတစ်ဦး ဖြစ်သလို ပရိသတ်မိန်းကလေးတွေ အားကျရတဲ့ Life Style ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ဒေါ်လာဈေးတက်လို့ လူတိုင်း ခေါင်းခဲနေချိန်မှာ တော့ သူမဟာ မကြာခင်ကပဲ သူမ စိတ်ကြိုက်ကားလေးကို စိတ်ကြိုက်မှာယူလိုက်တာဖြစ်ပါတယ်။ နောက်ဆုံးပေါ် အနက်ရောင် နဲ့KIA-2018 Model အမျိုးအစား ဖြစ်ပြီး အရေအတွက်ကန့်သတ်ထုတ်လုပ်ထားတဲ့ Limited edition တစ်ခုလည်းဖြစ်သလို တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ($14,200 ) ၊ မြန်မာငွေတန်ဖိုးအားဖြင့် သိန်း ၃၀၀ ရာကျော် (လိုင်စင်၊ သယ်ယူခ မပါဝင်) ဖြစ် ပါတယ်။

သူမရဲ့ စိတ်ကြိုက်ကားလေးကို အားရကျေနပ်စွာ ဝယ်ယူလိုက်သလို " ဒေါလှဈေးတက်ချိန် ကားပိစိလေးထပ်ဝယ်မိခြင်း ပဝေသတီကမှာထားသောပစ္စည်းများ၊ အချိန်ကိုက်မရောက်လာပါစေနဲ့ ဘုရား၊ဒေါ်လှဈေးတက်ချိန် မှာစရာ ပြုစရာတွေထပ်မပေါ်ပါစေနဲ့ဘုရား" ဆိုပြီး အင်စတာဂရမ်ကနေ မျှဝေထားပါတယ်။ လက်ရှိမှာတော့ အဆိုတော် ဂျီဖတ်နဲ့ ခိုင်မာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားသလို " အကယ်လို့ လက်ထပ်ခဲ့ရင် " သီချင်းနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ပြန်လည်ရရှိထားပါသေးတယ်။

source: nansuyatisoe; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။