ပရိသတ်ကြီးရေ Miss Golden Land Myanmar 2018 ပြိုင်ပွဲကြီးကိုတော့ သြဂုတ်လ ၁၄ရက်နေ့က Taw Win Garden Hotel ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ အလှမယ်ရွှေအိမ်စည်က Winner သရဖူကို ဆောင်းနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ဆန္ဒကို ပြည့်ဝစေခဲ့ပါတယ်။ အားလုံးက မျှော်လင့်စောင့်စားခဲ့သလို ဖြစ်လာခဲ့တာကြောင့် အိမ်စည့်အတွက် ဝမ်းသာပီတိဖြစ်ခဲ့ရပြီး သူမအနေနဲ့ မြန်မာ့ဂုဏ်ဆောင် အလှမယ်တစ်ဦးအဖြစ် ပြန်လည်ရပ်တည်လာနိုင်ပြီ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ အိမ်စည်က မေးခွန်းတွေကို သေချာတိကျစွာ အကောင်းဆုံးဖြေဆိုနိုင်ခဲ့တာကြောင့် ကြည့်ရှုသူ ပရိသတ်တွေနဲ့ ဒိုင်လူကြီးမင်းတွေရဲ့ သဘောကျအားပေးခြင်း ခံခဲ့ရပါတယ်။ စမ်းသပ်မှုနဲ့ အလှအပရေးရာ ပြိုင်ဆိုင်မှုတွေပြီးတဲ့နောက်မှာ သရဖူကိုဆွတ်ခူးနိုင်ခဲ့တဲ့ သူမက အခက်အခဲ အတိုက်အခိုက်တွေကြားကနေ ဖြတ်ကျော်ပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုလည်း အိမ်စည်က ဆုရရှိခဲ့တဲ့ အကြောင်းအရင်းကို ပရိသတ်တွေသိစေဖို့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အိမ်စည်ပြောပြခဲ့တဲ့ အကြောင်းရင်းလေးကတော့ တွေ့လာတဲ့အခက်အခဲတွေကို မမှုပဲ ရင်ဆိုင်ဖြတ်ကျော်ခဲ့တာကြောင့် ဒီလိုရပ်တည်နိုင်ခဲ့တာဖြစ်ကြောင်းကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

အိမ်စည်က "အပျော်ဆုံးနေ့လေးတစ်နေ့လို ပြောလို့ရပါတယ်။ ၃ နှစ်ဆက်တိုက် တစ်စိုက်မတ်မတ်ပြိုင်ပြီးတဲ့နောက်မှာ အနိမ့်အမြင့်အတက်အကျပေါင်းများစွာကို ဖြတ်သန်းပြီး ရသင့်ရထိုက်တာကို ရခဲ့တယ်လို့လဲမြင်တယ်။ ဒီပွဲပြီးတဲ့အခါမှာ အိမ်စည် ဘာကိုလက်ခံသွားလဲဆိုတော့ အခွင့်ရေးတစ်ခုဆုံးရှုံးသွားရင် စိတ်ဆင်းရဲခံပြီးတွေးပူနေစရာမလိုဘူး။ ဘာလို့လဲဆိုတော့ အဲ့ထက်ကောင်းတဲ့ အခွင့်အရေးတစ်ခုပေါ်လာမှာမို့ပဲ When a door closes another opens ဆိုတဲ့အဆိုအတိုင်းပေါ့။" ဆိုတဲ့စာသားလေးနဲ့အတူ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အိမ်စည့်ရဲ့ပြိုင်ပွဲဝင်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Shwe Eain Si; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။