ချစ်ပရိတ်သတ်ကြီးရေ ပရိသတ်တွေအများဆုံး အားပေးကြပြီး အစီစဉ်ကောင်းတစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါကတော့ နှစ်တိုင်းလိုစိတ်ဝင်စားမှုတွေနဲ့ နာမည်ကျော်ကြားလူကြိုက်များခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲဝင်တိုင်းကလည်း အရည်အချင်းတစ်မျိုးစီနဲ့ ပရိတ်သတ်ကိုယ်စီ အားပေးချစ်ခင်ခြင်းခံရသူတွေလည်းဖြစ်ပါတယ်။ထိုပြိုင်ပွဲထဲမှာမှ ဖြိုးမြတ်အောင်ကတော့ နောက်ဆုံး Final မှာ Winner ဆုကို ရရှိပိုင်ဆိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ပြိုင်ပွဲအပြီး ဖြိုးမြတ်အောင်ရဲ့ အိမ်အပြန်ခရီးလမ်းတစ်လျှောက်မှာ ခိုလှုံရာပရဟိတ အဖွဲ့၊ ဆိုင်ကယ်အဖွဲ့တွေ ခြံရံပြီး ပြန်ခဲ့တဲ့ ဖြိုးမြတ်အောင်ကို လမ်း တစ်လျှောက်လုံးမှာ ပရိသတ်များက ပန်းစည်းတွေ ပန်းကုံးတွေနဲ့ အားပေးခဲ့တာလည်းတွေ့ရပါတယ်။ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင်ကိုတော့ ချစ်ခင်သူတွေက အမှတ်တရ လက်ဆောင်များကိုပါ ချီးမြှင့်ပေးအပ်ကြတာတွေ့ရပြီး ရတနာမင်း စိန်ရွှေရတနာဆိုင်မှလည်း စိန်လက်စွပ်ကြီး ဂုဏ်ပြုချီးမြှင့်ခံခဲ့ ရတာလည်းတွေ့ရပါတယ်။

ဖြိုးမြတ်အောင်ဟာ ပရိတ်သတ်အခိုင်အမာရရှိသူဖြစ်ပြီး သူရဲ့ စန်းကလည်းအံ့မခန်းအောင်ပါပဲ။ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်ကတော့ ပြိုင်ပွဲစဉ်တစ်လျှောက်လုံးမှာလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ အစွမ်းကုန်ကြိုးစားခဲ့ပြီး လူကြိုက်အများဆုံး ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် ဖြိုးမြတ်အောင်ရဲ့ ဗီဒီယိုဖိုင်လေးကိုမျှဝေပေးလိုက်ပါတယ်။

Source:အမေကိုချစ်တယ် & Phyo Myat Aung Fan

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။