ဒီအဖြစ်အပျက်ကတော့ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်က လူထုအုံကြွမှုအတွင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်က လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျူးလွန်သူ ၄၅ ဦးကို လစ်ဗျားအယူခံတရားရုံးက သေဒဏ်ပေးလိုက်တာပဲဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုဖြစ်စဉ်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း လစ်ဗျားခေါင်းဆောင် ကဒါဖီရာထူးက ပြုတ်မကျခင် ကဒါဖီကို သစ္စာခံတဲ့တပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ဆက်နွှယ်နေတယ်လို့သိရပါတယ်။

ကျူးလွန်သူ ၄၅ ဦးကို လစ်ဗျား အယူခံတရားရုံးက သေဒဏ်ပေးခဲ့ပြီး သေဒဏ်ချမှတ်ခံရသူအားလုံးကိုသေနတ်ဖြင့် ပစ်သတ်ပြီး သေဒဏီပေးခဲ့တာဖြစ်တယ်လို့ လည်းသိရပါတယ်။နောက်ပြီး လူ၂၀ဦးနီးပါးကိုသတ်ဖြတ်မှုအတွက် လည်း နောက်ထပ် အပြစ်ရှိသူ ၅၄ဦးကိုလည်း ထောင်ဒဏ် ၅နှစ်စီ အသီးသီး ချမှတ်ခဲ့ပါတယ်။

သတင်းအရင်းအမြစ်-dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။