ချဲလ်ဆီးအသင်းရဲ့တောင်ပံတိုက်စစ်ကစားသမားဝီလျံက သူ့အားမန်ယူအသင်းက ခေါ်ယူဖို့စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့အတည်ပြုပြောဆိုလိုက်ပါတယ်။

2013 ခုနှစ်က ၀ီလျံဟာ မော်ရင်ဟို ချဲလ်ဆီးကိုတစ်ကျော့ပြန်ခြေချချိန်မှာ အန်းဇီးအသင်းကနေ ချက်ချင်းကောက်ခေါ်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ချဲလ်ဆီးမှာ မော်ရင်ဟိုနဲ့ ကစားသမားတွေအကြား ပတ်ကြားအတ်ချိန်တွေမှာတောင် မယိမ်းယိုင်တဲ့ ခြေစွမ်းတွေနဲ့ မော်ရင်ဟိုကို ကူညီပေးခဲ့သူဖြစ်ပါတယ်။

၀ီလျံက “အခြားအသင်းတွေတော့ ကျွန်တော်မသိဘူး။ မော်ရင်ဟိုရဲ့ မန်ချက်စတာယူနိုက်တက်ကတော့ ကျွန်တော့်ကိုခေါ်ယူဖို့စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။ အဲ့လိုသိရလို့ ကျွန်တော် ကျေနပ်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့အားထုတ်မှုကြောင့်လို့ထင်ပါတယ်။ ကျွန်တော်သွားမလား မသွားဘူးလားဆိုတာတော့ မသိတော့ပါဘူး၊ ဒါပေမယ့် ပြောနိုင်တာတစ်ခုက ကျွန်တော်ချဲလ်ဆီးမှာပျော်တယ်၊ ဒီမှာက ကျွန်တော့်အိမ်လိုပဲခံစားရတယ်” လို့ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး ချဲလ်ဆီးအသင်းနှင့်ပါတ်သတ်ပြီးသူက “သိတဲ့အတိုင်းပဲ ရာသီအစမှာ ကျွန်တော်တို့ခတ်ခတ်ခဲခဲစတင်ခဲ့ရပါတယ်။ အဲ့ဒါတွေကျော်ဖြတ် ခဲ့ပြီးတဲ့ နောက်မှာတော့ မှန်ကန်တဲ့လမ်းကြောင်းတစ်ခုပေါ် ခြေချနိုင်ခဲ့ပါတယ်။ ဒါဟာ ကစားသမားတွေနဲ့ အသင်းအဖွဲ့ရဲ့ အားထုတ်မှုနဲ့အတူ သူ့အလုပ်ကိုသူ ကောင်းကောင်း နားလည်နေတဲ့ နည်းပြရဲ့ အိုင်ဒီယာကောင်းကောင်းတွေ အသင်းအပေါ်သက်ရောက်နေတာ ကြောင့်ပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။