ပန်းဖြူကတော့ အနုပညာအသိုင်းအဝိုင်း ၊အနုပညာချစ်ပရိသတ်တွေအတွက် မိတ်ဆက်ပေးစရာမလိုဘူးလို့ထင်ပါတယ်။အနုပညာလမ်းကြောင်းအပေါ်မှာအောင်မြင်မှုတွေကို ရရှိထားတယ့် မင်းသမီးချောပန်းဖြူကတော့ အနုပညာလှုပ်ရှားမှုတွေကို မကြာသေးမှီကပြန်လည် စတင်ရိုက်ကူးနေပြီဟုသိရပါတယ်။သူမဟာတော့ ၁၉၉၇ခုနှစ်တွင် "အရိပ်"ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံးဇာတ်ဆောင်အမျိုးသမီးအကယ်ဒမီထူးချွန်ဆုကို ရရှိထားသူတစ်ယောက်ပါ။

ပန်းဖြူ ကတော့ သူမ ယောကျာ်း ကို မကောင်းကြံသူတွေကို ငါ့လင်ထိဓားကြည့် မိုးမီးနဲ့ တက်ရှို့မယ်လို့ပြောဆိုလိုက်ပါတယ်။ ပန်းဖြူ ကတော့ လူတချို့ရဲ့ မကောင်းတဲ့ စိတ်ထားတွေကြောင့် အခုဘဝမှာဝဋ်လည်နေတာတွေမြင်ရတွေ့ရတယ်လို့ဆိုပါတယ်။ အလိမ်အညာစကားပြောသူတွေ ၊သူတစ်ပါးကို မဟုတ်မမှန်သတင်းလွှင့်နေတဲ့သူတွေ တစ်နေ့ပြန်ခံရမှာဖြစ်တယ်လို့ဆိုပါတယ်။

သူမတို့ ကို လုပ်ကြံပြီး တရားစွဲ ဆိုမယ်ဆိုရင်တော့ ဒီအတိုင်းလက်ပိုက်ကြည့်မနေဘူးလို့လည်းရေးသားထားတာကိုတွေ့ရပါသေးတယ်။ ပန်းဖြူဟာ လူချစ်လူခင် အင်မတန်ပေါများသလို မဟုတ်မခံတဲ့ စိတ်ကြောင့်လည်း ပရိသတ်တွေက ချစ်ခင်ကြသူပါ .။ ပရိသတ်ကြီးတွေထဲမှာ ပန်းဖြု လို ငါ့လင်ထိ ဓါးကြည့်ဆိုတဲ့ သူတွေရှိရင် မှတ်ချက်မှာပြောပြပေးသွားကြပါနော်။

Source - Pann Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။