အာရှအားကစားဘောလုံးပြိုင်ပွဲအုပ်စု(F)ရဲ့ပွဲစဉ်တွေကိုမနေ့ကယှဉ်ပြိုင်ကစားခဲ့ပီးမြန်မာယူ၂၃အသင်းနဲ့

မြောက်ကိုရီးယားအသင်းတို့ကတစ်ဖက်၁ဂိုးစီနဲ့သရေကျခဲ့ပါတယ်။အုပ်စုရဲ့ပထမပွဲမှာတော့

ဆော်ဒီအသင်းနဲ့အီရန်အသင်းတို့ကဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။အဲ့တာကြောင့်

မြန်မာယူ၂၃အသင်းကဂိုးကွာခြားချက်နဲ့အသင်းကြီးတွေနဲ့တူအုပ်စုဗိုလ်နဲ့ရပ်တည်နေတာပါ။

နက်ဖြန်၁၇ရက်နေ့မှာတော့အုပ်စု(F)ရဲ့ဒုတိယပွဲစဉ်တွေကိုယှဉ်ပြိုင်ရတော့မှာပါ။

မြန်မာအသင်းဟာအုပ်စုတက်ဖို့အတွက်နက်ဖြန်ပွဲကိုအနိုင်ကစားဖို့လိုအပ်နေတာဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ပွဲမှာမောင်မောင်လွင်ရဲ့ဦးဆောင်ဂိုးနဲ့ပထမပိုင်းမှာဦးဆောင်ခဲ့ပေမယ့်

အခွင့်မသာခဲ့လို့ဒုတိယပိုင်းမှာခြေပဂိုးရပီးသရေတစ်မှတ်စီခွဲယူခဲ့ကြတာပါ။

ဆော်ဒီအသင်းကလည်းထိပ်သီးအသင်းတွေဖြစ်ပီးပီးခဲ့တဲ့၂၀၁၈ကမ္ဘာဖလားပြိုင်ပွဲဝင်ထားတာဖြစ်ပါတယ်။

၂၀၁၈ကမ္ဘာဖလားပြိုင်ပွဲဝင်ကစားသမားတချို့နဲ့ဆော်ဒီအသင်းကလည်းမနက်ဖြန်ပွဲကိုအမှားခံမှာမဟုတ်ပါဘူး။

အုပ်စုတက်ဖို့အတွက်မြန်မာယူ၂၃အသင်းကတော့နက်ဖြန်ပွဲမှာနိုင်ပွဲတစ်ပွဲယူဖို့အတွက်ကြိုးစားနေကြပါတယ်။

အကောင်းဆုံးခြေစွမ်းတွေနဲ့မနက်ဖြန်ဆော်ဒီအသင်းကိုဘယ်လိုယှဉ်ပြိုင်မလဲဆိုတာတော့ရင်ခုန်စွာနဲ့အားပေးလိုက်ကြရအောင်ခင်ဗျာ။

Photo:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။