အရွယ်ရောက်လို့ လုပ်ငန်းဝင်တဲ့အချိန်မှာ လုပ်ငန်းခွင်က လူတွေဟာ သင်နဲ့ စကားအများကြီး ပြောရတဲ့ လူတွေ ဖြစ်လာပါတယ်။ ဒီလို ဖြစ်လာတဲ့အတွက် အလုပ်ခွင်အတွင်းဆက်ဆံရေးဟာ အရမ်းကို အရေးပါလာပါတယ်။ တကယ်လိုလုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းကောင်းမွန်မွန် မဆက်ဆံတတ်ခဲ့ရင် ဒါဟာ ပြဿနာအကြီးကြီး ဖြစ်လာနိုင်တဲ့အပြင့် အလုပ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ဒီလိုပြောတဲ့အတွက်လူတကာကို အောက်ကျို့ ဆက်ဆံရမယ်လို့ မဆိုလိုပါဘူး။ လုပ်ငန်းခွင်မှာ လုပ်ဖော် ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် ဘယ်လိုနေရမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ကောင်းကောင်း နားထောင်ပေးပါ

ဆက်ဆံရေးကောင်းချင်တဲ့ လူတွေ ပထမဆုံး လုပ်သင့်တာကတော့ သူများပြောတာကို နားထောင်ပေးတာပါပဲ။ သင်နဲ့ တရုံးထဲ အတူတူလုပ်နေတဲ့သူတွေ သင့်ကို အလုပ်ကိစ္စပဲဖြစ်စေ၊ ရင်ဖွင့်ချင်လို့ပဲဖြစ်စေ တခုခုကို ပြောလာခဲ့ရင် ကောင်းကောင်း နားထောင်ပေးလိုက်ပါ။ ဒါပေမယ့် အတင်းတုတ်တာဆိုရင်တော့ မြန်မြန်သာ လှည့်ထွက်သွားတာ ကောင်းပါလိမ့်မယ်။

(၂) အတတ်နိုင်ဆုံး ကောင်းမွန်အောင် ပြန်ပြောပါ

သင်အပြင်မှာ နေထိုင်တဲ့ ဘဝ၊ လူမှုကွန်ရက် သုံးစွဲတဲ့ အချိန်ပြောဆိုတာတွေကို မေ့ထားပါ။ သင်ဟာ အလုပ်ထဲမှာ ရှိနေတာဖြစ်လို့ သင်တတ်နိုင်တဲ့ အကောင်းမွန်ဆုံး နည်းလမ်းတွေနဲ့သာ ဆက်ဆံသင့်ပါတယ်။ အပြင်မှာ သင်ဘယ်လိုပဲ ဖြစ်နေပါစေ။ အလုပ်ထဲက လူတွေနဲ့ သက်ဆိုင်ခြင်း မရှိလို့ သူတို့ကို နိုင်ထက်စီးနင်း ဆက်ဆံခွင့် လေသံမာမာပြောခွင့်တွေ သင့်မှာ မရှိပါဘူး။

(၃) လေးစားမှု ရှိပါ

သင်နဲ့ အတူတူ အလုပ်လုပ်နေသူတွေဟာလည်း သူတို့ ကျွမ်းကျင်တဲ့ပညာရပ်တွေရှိလို့ ဒီအလုပ်ကို ရထားကြတာပါ။ သင့်ထက်ငယ်တာ၊ သင်နဲ့ ရာထူးမတူတာ စတာတွေနဲ့ နှိုင်းယှဉ်ပြီး နိမ့်ချဆက်ဆံလို့ မရပါဘူး။ ဒါဟာ အရေးအကြီးဆုံးပါပဲ။ သင့်လုပ်ဖော်ကိုင်ဖက်တွေကို လေးစားပါ။

(၄) မိတ်ဆွေ ဖွဲ့ပါ

သင့်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေဖွဲ့လို့ ရပါတယ်။ အပြင်ထွက်တာ မုန့်စားတာ စကားဝိုင်းဖွဲ့ပြောတာတွေ လုပ်လို့ရပါတယ်။ ဒီလိုလုပ်လို့ သင့်အပေါ် လေးစားမှု လျော့သွားမယ့်သူ မပါလောက်ပါဘူး။ ဒါကြောင့် မိတ်ဆွေဖွဲ့လည်း ဖွဲ့ပါ။ အလုပ်လုပ်ရင်တော့ Professional ဆန်ပါစေ။

(၅) အမှားတွေကို မှတ်သားပါ

လူတိုင်းက အမှားနဲ့ မကင်းပါဘူး။ အမှားလုပ်မိတာဟာလည်း ရှက်စရာ မဟုတ်ပါဘူး။ သင်အမှားလုပ်လို့ သင့်ကို ဘယ်သူမှ အထင်သေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်လုပ်မိတဲ့ အမှားတွေကိုတော့ သေချာ မှတ်သားထားပြီး ပြင်ဆင်ဖို့ လိုပါတယ်။ တခါ၊ နှစ်ခါမှားတာကို ပြင်ပေးချင်ပေမယ့် ကိုယ်ကိုယ်တိုင်ဆိုလည်း အမှားတခုကို ထပ်ခါထပ်ခါ လုပ်နေတဲ့ သူကို သဘောကျမှာ မဟုတ်တာ သေချာပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက်တွေက အမှားတွေလုပ်ခဲ့ရင်လည်း ခွင့်လွှတ်ပေးတာ ကောင်းပါတယ်။

ဒီအချက်တွေကို သေချာ လိုက်နာမှတ်သား ကျင့်သုံးနိုင်မယ်ဆိုရင်တော့ သင်ဟာ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေတဲ့ ဝန်ထမ်းကောင်း တယောက်အဖြစ် အလုပ်မှာ လူအများရဲ့ အသိအမှတ်ပြုခြင်းခံရမှာ အသေချာပါပဲ။

Source - samepage.io / wikihow

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။