အနုပညာပျိုးခင်းအစီအစဉ်လေးကနေ စတင်စင်တင်ပေးခဲ့တဲ့ မင်းသမီးချောလေး ယုသန္တာတင် ကတော့အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိနေပြီပဲ ဖြစ်ပါတယ်။သူမကတော့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အချိန်အတိုလေးအတွင်းမှာတင် ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့ သရုပ်ဆောင်မှု ဇာတ်ကားတော်တော်မာျးများကလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ရတဲ့ ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်နော်။

သူမကတော့လက်ရှိမှာ ပြည်တွင်းပြည်ပခရီးစဉ်တွေဆက်တိုက်ထွက်ဖြစ်နေပြီး အေးဆေးအနားယူနေတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း မြန်မာနိုင်ငံအထက်ပိုင်းမိထ္ထီလာဘက်သွားရောက်လည်ပတ်နေတာပဲ ဖြစ်ပါတယ်။မိထ္ထီလာမှာရှိတဲ့ သမိုင်းဝင်ရှေးဟောင်းစေတီ ပုထိုးအုပ်ဇရပ် ကြီးနှင့် အုဠ်ကျောင်းတော်ကြီးတည်ရှိတဲ့ ထီလာပုဂံကိုသွားရောက်လေ့လာနေတာပဲ ဖြစ်ပါတယ်။  

သူမရဲ့ လူမှုကွန်ယက်မှာလည်း ထီလာပုဂံရောက်အမှတ်တရဓာတ်ပုံလေးတွေမျှဝေထားတာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးသူမကတော့ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်တွေကို သွားရောက်လေ့လာခွင့်ယူရလို့ အရမ်းကိုပျော်ရွှင်နေတဲ့ မျက်နှာလေးကို ပုံရိပ်လေးတွေထဲမှာ အထင်းသားမြင်တွေ့ရပါတယ်နော်။သူမရဲ့ ခရီးသွားပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်နေ်ာ။

သတင်းအရင်းအမြစ် - ယုသန္တာတင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။