ပရိသတ်ကြီးရေ ဇာတ်လမ်းတွဲမင်းသမီးလေး ခေးဆက်သွင်ကတော့ သူမရဲ့ဇာတ်ရုပ်ပီပြင်မှုကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးခြင်း ရရှိထားသူ ဖြစ်ပါတယ်။ "ဥယျာဉ်မှူး ဖြစ်ဖူးချင်သည်၊ ဆုံစည်းခြင်းမိုးတိမ်များ၊ အရိပ်" ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ သဘောကျနှစ်သက်ခြင်း ခံခဲ့ရပါတယ်။ လတ်တလောမှာလည်း သူမက ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။

ဟာသအလွဲလေးတွေ ဖန်တီးရင်း ပေါ့ပေါပါးပါးနေတတ်တဲ့ သူမက အခုလည်း ပရိသတ်တွေကို ရယ်မောစေနိုင်တဲ့ ဟာသဗီဒီယိုလေးကို တင်ထားတာ တွေ့ရပါတယ်။ ရှုတင်နားနေတုန်းမှာ သူငယ်ချင်းတွေဖြစ်တဲ့ စိုပြေမြင့် ၊ဘုန်းဆက်သွင်တို့နဲ့အတူ ခေးတို့၃ယောက်ပေါင်းပြီး ဟာသဗီဒီယိုလေးကို Tik Tok မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။သူမတို့၃ယောက်ရဲ့ အခွီပုံစံလေးတွေက ကြည့်ရှုသူတွေကို တသောသော ရယ်မောနိုင်စေခဲ့တာ တွေ့ရပါတယ်။

ဒီဗီယိုလေးကို စိုပြေက "ကဲ တောင်းတလို့ TikTok ထပ်လုပ်ပြပြီနော်အချစ်တော် အမာညိုရယ် ဂျင်မီရယ် အောင်ဖေရယ် တွေ့တော့ ခွီရပြီပေ့ါ ချစ်ရင်တော့ Share သွားနော်။ Love You All " ဆိုပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခေးက "4 Couples mini series " အသစ်မှာ ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ရယ်မောစေနိုင်ဖို့ ခေးဆက်သွင်တို့ ၃ယောက်ရဲ့ ဟာသဗီဒီယိုလေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

Source: So Pyay Myint ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။