နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးယုစံတစ်ယောက် 8Days ဂျာနယ်အတွက် ရိုက်ကူး ထားတဲ့ သူမရဲ့အလန်းစားပုံရိပ်တွေကို Instagram မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ အရောင်သွေးစုံစွာနဲ့ လှပလွန်းတဲ့သူမရဲ့ပုံရိပ်တွေဟာ အပျိုးလေးတစ်ယောက်လို နုပျိုလတ် ဆတ်လွန်းနေပါ တယ်။ တစ်သားမွေးတစ်သွေးလှဆိုသလို မိုးယုတစ်ယောက် သားလေး ကောင်းသိင်္ခမိုးသူကို ပိုင်ဆိုင်ပြီးနောက်ပိုင်းမှာ အပျိုတုန်းကထက်တောင် ပိုပြီးလှလို့နေ ပါတယ်။

ချစ်စရာကောင်းတဲ့အပြုံးလေးတွေဟာ ယနေ့ထက်တိုင် ပရိသတ်တွေကြားမှာ ရေပန်းစားနေ တုန်းပါပဲ။ အနုပညာအလုပ်တွေအပြင် မိသားစုကို လည်း အချိန်ပေးနေတဲ့ ချစ်စဖွယ်မင်းသမီး လေးတစ်လက်ပါပဲ။ သူမရဲ့ချစ်စဖွယ်သားလေးဟာလည်း အမေတူလေးမို့ ပရိသတ်တွေရဲ့ အချစ်တွေ ကို ထပ်မံသိမ်းပိုက်ထားပြန်ပါတယ်။ Austin လေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေဟာ လည်း ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းပါတယ်။

လက်ရှိအချိန်ထိလည်း အလှတွေက ပိုပိုပြီးတိုးလာတဲ့မိုးယုတစ်ယောက် ဒီတစ်ခေါက် ပုံရိပ်လေးတွေကတော့ တကယ့်ကိုဆယ်ကျော်သက်လေး တစ်ယောက်လို လှပလွန်းနေပါ တယ်။ ချစ်ဖို့ကောင်းလွန်းတဲ့ မိုးယုတစ်ယောက် သူမရဲ့မပြောင်းလဲတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို ရူးသွပ်အောင်ထပ်မံဖမ်းစာလိုက်ပြန်ပါပြီ။ ဘယ်လိုအမိုက်စားပုံရိပ်လေးတွေ လဲဆိုတာကို ပုံနှင့်တကွ ဖော်ပြပေးလိုက်ပြီနော်။

Photo - Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။