လက်တလောလူမှုကွန်ယက်ပရိသတ်တွေကြားမှာတော့ နာမည်ကြီးအနုပညာရှင်တွေတစ်ယောက်ပြီးတစ်ယောက် မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိလိုက်တယ်ဆိုတဲ့ သတင်းတွေဆက်တိုက်ဆိုသလိုကြားနေကြရပါတယ်။ဒီတစ်ခေါက်မှာလည်းပရိသတ်တွေ လုံးဝထင်မှတ်မထားတဲ့ နိုင်ငံကျော်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာမိုက်တီးဟာလည်းမူးယစ်ဆေးဝါးများနဲ့အတူဖမ်းဆီးခံလိုက် ရပြီပဲဖြစ်ပါတယ်။ဒါရိုက်တာမိုက်တီးကိုတော့ သြဂုတ်လ (၁၆)ရက်နေ့ည ၁၁ နာရီခန့်က တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ် ရှိအ ထက(၃)ကျောင်းရှေ့မှာWY မူးယစ်ဆေးပြား ၂၆ ပြားနှင့်အတူဖမ်းဆီးရမိလိုက်တာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါနေရာမှာ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးအရ ယာဉ်များအားတားဆီးစစ်ဆေးနေတာဖြစ်ပြီး ဒါရိုက်တာမိုက်တီးမောင်းနှင်လာတဲ့ ယာဉ်ကိုတားဆီးစစ်ဆေးခဲ့ရာမှာတော့အခုလိုမူးယစ်ဆေးဝါးများနဲ့ဖမ်းဆီးရမိလိုက်တာပဲဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကစစ်ဆေးရာမှာတော့ ဒါရိုက်တာမိုက်တီးမောင်းနှင်လာတဲ့ MAZDA DEMIO အမျိုးအစား အစိမ်းနုရောင် မော်တော်ယာဉ်ရဲ့ ထိုင်ခုံကျောမှီကြားမှ မီးခိုးရောင် မျက်မှန်ဘူးအတွင်းထည့်ထားတဲ့ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၇)ပြားနဲ့ အစိမ်းရောင် အဖုံးပါ ကော်ဗူးငယ်အတွင်းထည့်တဲ့ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၉)ပြား ကာလတန်ဖိုးစုစုပေါင်းတန်ဖိုး ၉သောင်းကျော်ခန့်ရှိတဲ့စိတ်ကြွဆေးပြား ၂၆ ပြားနဲ့အတူဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။

ဆက်လက်ပြီးမူးယစ်ဆေးဝါးသုံးစွဲရာမှာအသုံးပြုတဲ့မီးခြစ်များနဲ့ခဲပြားများကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့ ဒါရိုက်တာမိုက်တီးကို တာမွေမြို့မရဲစခန်းတွင် မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဒါရိုက်တာမိုက်တီးအတွက် အနုပညာလောကက လုပ်ဖော်ကိုင်ဖက်ညီအကိုတွေ ပရိသတ်တွေအားလုံးလည်း စိတ်မကောင်းဖြစ်နေရကြတာပဲ ဖြစ်ပါတယ်နော်။  

သတင်းအရင်းအမြစ် - Yangon Police 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။