အဆိုတော်သရုပ်ဆောင်ပါဝင်သရုပ်ဆောင်ထားပီးဒါရိုက်တာသားညီရိုက်ကူးတဲ့လူကြမ်းတစ်ယောက်ရဲ့ဒိုင်ယာယီရုပ်ရှင်ဇာတ်ကားကြီးကို

ဒီနေ့မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။OriginalGangsterဇာတ်ကားတွေကတော့ပရိတ်သတ်တွေရဲ့

အားပေးမှုကိုရထားတာဖြစ်ပါတယ်။OriginalGanster3ဇာတ်ကားကိုရုံတင်ပြသခွင့်မရခဲ့တဲ့အတွက်

အကုန်လုံးစိတ်မကောင်းဖြစ်နေကြပေမယ့်ခုလူကြမ်းတစ်ယောက်ရဲ့ဒိုင်ယာယီကိုတော့ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကိုလွန်ခဲ့တဲ့၄နှစ်ထဲကရိုက်ကူးထားတာဖြစ်ပီးဇာတ်ကားရိုက်ကူးချိန်မှာ

ဝမ်းနည်းမှုတွေနဲ့အောင်မြင်အောင်ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့

ပရိတ်သတ်အကြိုက်အက်ရှင်ဇာတ်ကားဖြစ်ပီးကြည့်ရှုတွေကိုအကြိုက်တွေ့စေမှာအမှန်ပါ။

လူကြမ်းတစ်ယောက်ဒိုင်ယာယီဇာတ်ကားကိုဒီနေ့မှာရုံတင်ပြသတော့မှာလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာယုန်လေး၊လူမင်း၊ထူးခြား၊မြင့်မြတ်၊ထားထက်ထက်စတဲ့အနုပညာရှင်တော်တော်များများက

ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီပွဲလေးရဲ့လက်မှတ်ထိုးပွဲကို၁၈.၈.၂၀၁၈) စနေနေ့နေ့လည် ၁၂ နာရီ ရှေ့ဆောင်အဆင့်မြင့်ရုပ်ရှင်ရုံ၊(၁၉.၈.၂၀၁၈)နေ့လည် ၁၂နာရီ Juncition City JCGVနဲ့ညနေ၃နာရီနဝဒေးရုပ်ရှင်မှာပရိတ်သတ်တွေနဲ့လာရောက်တွေ့ဆုံမှာဖြစ်ပါတယ်။ဒီပွဲမှာ ပူပူနွေးနွေးဖခင်ကြီးမြင့်မြတ်ကလည်းလာရောက်တွေ့ဆုံမှာဖြစ်တဲ့အတွက်လူကြမ်းတစ်ယောက်ရဲ့ဒိုင်ယာရီဇာတ်ကားလေးကိုအားပေးဖို့ဖိတ်ခေါ်လိုက်ကပါတယ်။

SOURCE:Kyaw Phone Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။