လက်ရှိလူမှုကွန်ယက်ပေါ်မှာ နာမည်ရလာပြီးချစ်စရာကောင်းတဲ့ ထိပ်ထားသခင်လေးကတော့ မြင်သူတိုင်းအချစ်ပိုရတဲ့ ချစ်မွှေးပါတဲ့ကလေးမလေးတစ်ယောက်ဆိုတာပရိသတ်တွေအားလုံးသိကြမှာပါ။သရုပ်ဆောင်ရတာဝါသနာပါတဲ့ ထိပ်ထားသခင်လေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း ပရိသတ်တွေလူမှုကွန်ယက်ပေါ်မှာမြင်တွေ့နေရတာဖြစ်ပြီး အနုပညာပိုးပါတဲ့ သူမပုံစံအမျိုးမျိုးသရုပ်ဆောင်မှုလေးတွေကိုလည်း ပရိသတ်တွေသဘောကျခဲ့ကြရမှာ အမှန်ပါပဲ။ပရိသတ်အချစ်တော်မင်းသမီးချောဖွေးဖွေးကလည်းအနုပညာလောကမှာ သူမရဲ့အကြိုက်ဆုံးမင်းသမီးတစ်လက်လို့သိရပါတယ်။

ဒီတစ်ခေါက်မှာတော့ သူမရဲ့အချစ်ဆုံးမင်းသမီးချောလေးဖြစ်တဲ့ ဖွေးဖွေးနဲ့ အပြင်မှာတွေ့ဆုံခဲ့ကြပါတယ်။ဖွေးဖွေးကတော့ ထိပ်ထားလေးကို ကိုယ်တိုင်မိတ်ကပ်လိမ်းခြယ်ပေးနေတာမြင်တွေ့ရပြီး ထိပ်ထားလေးကတော့သူမရဲ့အကြိုက်ဆုံးမင်းသမီးချောလေးမိတ်ကပ်လိမ်းခြယ်ပေးခြင်းခံရတာကြောင့် အရမ်းပျော်ရွှင်နေမယ်ထင်ပါတယ်။ချစ်စရာကောင်းတဲ့ ထိပ်ထားလေးကတော့ဖွေးဖွေးရဲ့ မိတ်ကပ်ဖန်တီးမှုတွေကို ငြိမ်သက်စွာခံယူနေတာကို ချစ်စဖွယ်မြင်တွေ့ရပါတယ်။

ဖွေးစိန်လေးကလည်း သူမကိုချစ်တယ်လို့ပြောထားတဲ့ ထားသခင်လေးနဲ့ အပြင်မှာတွေ့ဆုံပြီး ကိုယ်တိုင်မိတ်ကပ်လိမ်းခြယ်ပေးခွင့်ရလိုက်တာကြောင့်အရမ်းကို ပျော်ရွှင်နေမှာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုပုံရိပ်လေးတွေဟာလည်း လူမှုကွန်ယက်ပေါ်မှာ ပျံနှံနေပြီး ပရိသတ်တွေအရမ်းကိုအချစ်ပိုနေကြရပါတယ်။Myanmar loadပရိသတ်တွေအတွက်လည်း ချစ်စရာကောင်းတဲ့ နတ်သမီးလေးနှစ်ယောက်ရဲ့ တွေ့ ဆုံမှုဓာတ်ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ်-

forever phway's fans

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။