ခုတစ်ခါမှာတော့မကြာသေးခင်မှချစ်စရာကောင်းတဲ့စကားပြောပုံလေးနဲ့ပရိတ်သတ်ကြီးတဖြေးဖြေး

သိလာတဲ့MiniMissပြိုင်ပွဲဝင်လေးနေလဝါဝါပဲဖြစ်ပါတယ်။နေလဝါဝါလေးကတော့ထိုင်းနိုင်ငံဖူးခက်မြို့မှာကျင်းပခဲ့တဲ့

2018InternationalLittleMissEnirileAsia&Africaပြိုင်ပွဲမှာမြန်မာနိုင်ငံအတွက်ပါဝင်ယှဉ်ပြိုင်ခဲ့ပီးဆုရရှိခဲ့တာဖြစ်ပါတယ်။

နေလဝါဝါလေးကအသက်၆နှစ်သာရှိသေးပြီးဒဂုံ(၁)မှာပထမတန်းတက်နေတာဖြစ်ပါတယ်။

သမီးလေးကဒီပြိုင်ပွဲမှာပြိုင်ချင်လို့မေမေ့ကိုပြောပြိုင်ခဲ့တာပါလို့ပြောပြထားပါတယ်။ဒီပြိုင်ပွဲမှာအတွေ့ကြုံရခဲ့တာကတော့

အင်္ဂလိပ်လူမျိုးတွေကိုထိုင်းမှာအစုံတွေ့ခဲ့ပါတယ်တဲ့။သမီးလေးဟာမော်ဒယ်လုပ်ကတာကိုဝါသနာပါပီး

ဓာတ်ပုံလေးတွေလည်းရိုက်ကူးဖြစ်နေပါတယ်။

သမီးလေးနေလဝါကတော့အနုပညာအလုပ်တွေကိုလည်းဆက်လုပ်ပီးကြီးလာရင်ရုပ်ရှင်တွေလည်းရိုက်ပါမယ်မော်ဒယ်အလုပ်ကိုလည်း

ဆက်လုပ်သွားမှာလို့ဖြေဆိုထားပါတယ်။သမီးလေးရဲ့အနုပညာဝါသနာကတော့၃နှစ်သမီးထဲကအိမ်မှာဖက်ရှင်လျောက်ပြပီးထမင်းစား

တောင်မှန်ကြည့်ပီးစားလောက်အောင်အနုပညာကိုငယ်စဉ်ထဲကဝါသနာပါခဲ့တာပါ။

ဒီပြိုင်ပွဲမှာလည်းအကောင်းဆုံးကြိုးစားပီးဆုရယူခဲ့ပေးတဲ့သမီးလေးနေလဝါဝါရဲ့ရှေ့ဆက်လုပ်မယ့်အနုပညာအလုပ်တွေကိုအားပေးလိုက်ကြရအောင်ဗျာ။

SOURCE:Nay La War War

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။