ဘရာဇီးနိုင်ငံတောင်ပိုင်းမြို့သေးသေးလေးတစ်ခုမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုကိုပရိတ်သတ်တွေအတွက်ဝေမှျှပေးခြင်ပါတယ်။ထိုဖြစ်ရပ်လေးကတော့ သင်းခွေချပ်တွေနေထိုင်တဲ့ကျင်းထဲကို ပစ်ချခံထားရတဲ့ ကလေးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။၎င်းကလေးလေးမကတော့သင်းခွေချပ်တွေနေထိုင်တဲ့ ကျင်းလေးထဲမှာ ၂၄ နာရီလောက်နေထိုင်ခဲ့ရတာတောင်အသက်မသေပဲရှင်သန်ခဲ့တာပဲဖြစ်ပါတယ်။ 

၎င်းကလေးလေးကိုတွေ့ရှိစဉ်မှာတော့ ကလေးလေးရဲ့ ခေါင်းကကျင်းရဲ အပြင်ဘက်ကိုထွက်နေခဲ့တာပဲဖြစ်ပါတယ်။ထွက်နေတဲ့ခေါင်းဘေးနားမှာလဲ ယင်ကောင်တွေတဝဲ၀ဲလည်နေပြီး ချက်ကြိုးတောင်မဖြတ်ရသေးပါဘူး။မြေကြီးထဲတစ်ကိုယ်လုံးဝင်နေပြီး ခေါင်းလေးသာပေါ်နေတဲ့ ထိုကလေးလေးကိုတော့ ရဲတပ်ဖွဲ့အနေနဲ့ ၂၄ နာရီလောက်ကြာမှ ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ သေဆုံးနေပြီလို့ထင်ခဲ့ပေမယ့်ပါးစပ်မှာ ညစ်ပေနေတဲ့အညစ်အကြေးတွေကိုဖယ်လိုက်တဲ့အခါမှာတော့ ငိုသံထွက်ပေါ်လာခဲ့ပြီး အသက်ရှင်နေသေးတယ်ဆိုတာကိုသိရှိခဲ့ရတာဖြစ်ပါတယ်။ 

စုံစမ်းစစ်ဆေးမှုတွေပြုလုပ်လိုက်တဲ့အခါမှာတော့ ၎င်းကလေးလေးရဲ့မိခင်ဟာ အသက်၄၀ အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်တာသိရှိခဲ့ပေမယ့် အဆိုပါအမျိုးသမီးကတော့ သူမရဲ့ကလေးမဟုတ်ကြောင်းငြင်းဆန်ခဲ့တာပဲဖြစ်ပါတယ်။သူမကတော့ ကလေး ၄ယောက်ကိုပိုင်ဆိုင်ထားတဲ့မိခင်တစ်ယောက်ဖြစ်ပြီး ကလေးလေးကိုတွေ့ရှိခဲ့တာကတော့ သူမရဲ့အိမ်နဲ့ကိုက် ၃၀၀ အကွာမှာရှိတဲ့ သင်းခွေကျပ်ကျင်းထဲမှာဖြစ်တယ်လို့လဲသိရပါတယ်။

အခုလို လူ့လောကထဲရောက်လာကစရင်သွေးတစ်ယောက်ကို ရက်ရက်စက်စက်ပစ်ထားရက်ခဲ့တဲ့ မိခင်ဖြစ်သူကတော့ အစုံးဆွန်ထိ ရဲတပ်ဖွဲ့ဝင်တွေကို လိမ်ညာနေဆဲပဲဖြစ်ပါတယ်။

REF GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။