မြန်မာ့ရိုးရာလက်ဝှေ့လောကထဲကို တကျော့ပြန် ပြန်လည်ဝင်ရောက်ပြီဖြစ်တဲ့ ချန်ပီယံဟောင်းထွန်းထွန်းရဲ့ တိုက်ခိုက်စွမ်းရည်ကိုတော့ အားလုံးအသိပဲဖြစ်ပါတယ်။ တစ်နှစ်ကျော်ဝေးကွာခဲ့တဲ့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပရိသတ်ကြိုက်လက်စွမ်းတွေပြန်လည်ပြသနိုင်ဖို့အကောင်းဆုံးကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။  

လာမည့် သြဂုတ်လ(၁၉)ရက် တနင်္ဂနွေနေ့မှာ ဒုတိယပွဲအဖြစ်ပြန်လည်ထိုးသတ်မယ့် လက်ဝှေ့ပွဲကို ပရိသတ်အားလုံးစိတ်ဝင်စားနေမယ်ထင်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို လာမည့် တနင်္ဂနွေနေ့ နေ့လည်(၂)နာရီတွင် ရန်ကုန် သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့အားကစားပြိုင်ပွဲရုံတွင် တတိယအကြိမ်မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံတွေ ရွေးချယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲတွင် မြန်မာ့နာမည်ကြီးလက်ဝှေ့ချန်ပီယံ ဒေဝ၊ ထွန်းထွန်းမင်း၊ ထွန်းလွင်မိုး၊ ဖျံသွေး၊ ရဲသွေးနီ၊ စောဂေါ်မှုဒို၊ ရွှေရာမန်းနှင့် အမျိုးသမီး ဗိုရိုနီက တို့ကပါဝင်ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။  

နိုင်ငံတကာအဆင့်မီ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပရိသတ်အချစ်တော် ထွန်းထွန်းမင်းကတော့ ကွန်ဂိုနိုင်ငံသားလက်ဝှေ့ဖိုက်တာ ဒါရီလိုကုကုနှင့် ယှဉ်ပြိုင်ထိုးသတ်သွားရမှာဖြစ်ကြောင်း သိရပါတယ်။ သာမာန်ဖိုက်တာတစ်ဦးမဟုပ်တဲ့အပြင် နိုင်ပွဲများစွာရရှိထားတဲ့ ကမ္ဘာ့အဆင့်မီဖိုက်တာတစ်ဦးဖြစ်တာကြောင့် ထွန်းထွန်းမင်းအတွက် လျော့တွက်မရနိုင်တဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်လည်းဖြစ်လာမှာသေချာပါတယ်။ ပရိသတ်အကြိုက်ပွဲကောင်းများစွာပါဝင်နေတဲ့ အဆိုပါ လက်ဝှေ့ပြိုင်ပွဲကြီးက ထွန်းထွန်းမင်းအတွက် ရလဒ်ကောင်းတွေရလာပါမလားဆိုတာကိုတော့ ပရိသတ်ထင်မြင်မှုနဲ့ဆုံးဖြတ်ပေးကြပါအုန်းနော်။

Photos - Myanmar Lethwei 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။